<

ပထမဆုံးထုတ်ပယ်ခံရမည့်နည်းပြ ရေပန်းစားမှုများတွင် အာစင်ဝင်းဂါး တတိယနေရာ ရောက်ရှိလာ

 

အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးသည် လီဗာပူးလ်အသင်းအား (၀-၄) ဂိုးဖြင့် ဂိုးပြတ်အရေးနိမ့်ပြီးနောက် ပရီးမီးယားလိဂ် ရာသီသစ်၏ ပထမဆုံး ထုတ်ပယ်ခံရမည့် နည်းပြအဖြစ် အလေးပေးချက်များတွင် တတိယနေရာ ရောက်ရှိလာကြောင်း သိရသည်။

နံပါတ်တစ်နှင့် နှစ်နေရာများတွင် ပရီးမီးယားလိဂ်ရာသီအဖွင့် သုံးပွဲဆက်အရေး နိမ့်ထားသည့် ခရစ္စတယ်ပဲလေ့စ်အသင်းနည်းပြ ဖရန့်ဒီဘိုးဝါးက ၁း၂ လေး၊ ၀က်စ်ဟမ်းအသင်းနည်းပြ ဆလာဗန်ဘီလစ်က ၆း၎ လေး တို့ဖြင့် ရပ်တည်နေပြီး အာစင်ဝင်းဂါးကမူ ၁၂း၁ လေးဖြင့် တတိယနေရာ၌ ရှိနေခြင်းဖြစ်သည်။

အာစင်ဝင်းဂါး၏နေရာတွင် အစားထိုး မည့်နည်းပြများအဖြစ်လည်း အူနိုင်းအမ်မရီ၊ အွန်နရီ၊ မန်စီနီ၊ ရီမီဂတ်၊ ဟာဆန်ဟူတယ်၊ မိုက်ကယ်လောဒရပ်၊ မာကိုဆေးလ်ဗား၊ ပယ်လီဂရီနီ၊ လောရင့်ဘလန့်တို့က ထိပ်ဆုံးမှ ရေပန်းစားလျက်ရှိသည်။

Photo: Express

ပွဲဦးထွက် ဘန်လေအသင်းအား အိမ်ကွင်းတွင် အရေးနိမ့်ခဲ့မှုကြောင့် ထိပ်ဆုံးမှ ရေပန်းစားခဲ့သည့် ချယ်လ်ဆီးအသင်းနည်းပြ ကွန်တီမှာမူ နှစ်ပွဲဆက် အနိုင်ရသဖြင့် နံပါတ် ခုနစ်နေရာသို့ ပြန်လည် ကျဆင်းသွားခဲ့သည်။

August 29, 2017














Copy Protected by Chetan's WP-Copyprotect.