<

ပယ်လီဂရီနီကို ရာထူးမှထုတ်ပယ်လျှင် ၀က်စ်ဟမ်း ပေါင် (၁၅) သန်းပေးရမည်

 

Photo: BBC

ဝက်စ်ဟမ်းအသင်းသည် အသင်း၏ရလဒ်ဆိုးများကြောင့် နည်းပြဖြစ်သူ ချီလီနိုင်ငံသား ပယ်လီဂရီနီကို ရာထူးမှထုတ်ပယ်ပါက လျော်ကြေး ပေါင် (၁၅) သန်းခန့်ကုန် ကျနိုင်ကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။

နည်းပြ ပယ်လီဂရီနီလက်ထက်တွင် ၀က်စ်ဟမ်းအသင်းသည် ပရီးမီးယားလိဂ်ရာသီအစ လေးပွဲဆက် အရေးနိမ့်ထားပြီး အမှတ်ပေးဇယားအောက်ဆုံးနေရာသို့ ရောက်ရှိနေသောကြောင့် အသင်းပရိသတ်များ၏ဝေဖန် ပြစ်တင်မှုများနှင့်လည်း ရင်ဆိုင်နေရသည်။

ဝက်စ်ဟမ်းအသင်းသည် ရီးယဲလ်နှင့် မန်စီးတီးနည်းပြဟောင်း ပယ်လီဂရီနီကို ပြီးခဲ့သည့်မေလကမှ တစ်နှစ်လစာ ပေါင်(၅)သန်းအပြင် ဆုကြေးအမြင့်ဆုံး ပေါင်(၂)သန်းအထိရှိနိုင်သည့် (၄)နှစ်စာချုပ်ဖြင့် ခန့်အပ်ထားခြင်းဖြစ်သည်။

ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်လည်း ပေါင်သန်း (၉၀) နီးပါးအသုံးပြုကာ ပယ်လီဂရီနီကို စိတ်ကြိုက်ပြင်ဆင်ခွင့်လည်း ပေးခဲ့သည်။ သို့သော် ရလဒ်ဆိုးများကြောင့် ပယ်လီဂရီနီ၏အနာဂတ်မှာ လှုပ်ခတ်လာပြီး နိုင်ငံတကာရက်သတ္တပတ်အပြီး အဲဗာတန်၊ ချယ်လ်ဆီး၊ မန်ယူတို့နှင့် ဆက်တိုက်ကစားရမည်ဖြစ်သောကြောင့် အကျပ်အတည်းနှင့် ပိုမိုရင်ဆိုင်ရဖွယ်ရှိနေသည်။

September 5, 2018














Copy Protected by Chetan's WP-Copyprotect.