စီးရီးအေပြိုင်ပွဲတွင် စီရော်နယ်လ်ဒို၏တစ်နှစ်လစာက ဒုတိယအများဆုံးထက် သုံးဆကျော်ပိုများနေ

စီးရီးအေပြိုင်ပွဲတွင် စီရော်နယ်လ်ဒို၏တစ်နှစ်လစာက ဒုတိယအများဆုံးထက် သုံးဆကျော်ပိုများနေ
Published 5 September 2018

 

Photo: Getty Images

ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရော်နယ်လ်ဒို ရရှိသည့် တစ်နှစ်လစာပမာဏသည် စီးရီးအေပြိုင်ပွဲ၏ ဒုတိယလစာအများဆုံးရရှိသူထက် သုံးဆကျော်ပိုမိုများပြားနေကြောင်း သိရသည်။

အသက်(၃၃) နှစ်အရွယ်ရှိ စီရော်နယ်လ်ဒိုမှာ တစ်နှစ်လစာ ပေါင် (၂၈)သန်း (တစ်ပတ် ၅၃၈ဝဝဝ ပေါင်) ရရှိနေသည်ဟု Gazzetta dello Sports သတင်းစာက ရေးသားခဲ့သည်။

ထို့ပြင် ၎င်းသည် ကမ္ဘာ့လစာအမြင့်ဆုံးစာရင်းတွင်လည်း မက်ဆီ(ပေါင် ၄၀.၅ သန်း)၊ နေမာ(ပေါင် ၃၁.၇)သန်းတို့နောက်တွင် ရပ်တည်နေသည်။

စီးရီးအေပြိုင်ပွဲ၏ လစာအများဆုံးစာရင်း၌ စီရော်နယ်လ်ဒိုနောက်တွင် ဟီဂွါအင်က ပေါင် (၈.၅)သန်း၊ ဒီဘားလားက ပေါင် (၆.၃)သန်း၊ ယာနစ်က ပေါင် (၅.၈) သန်း၊ ဒူးဂလပ်စ်ကော်စတာက ပေါင် (၅.၄) သန်း၊ ဒွန်နာရမ်မာက ပေါင် (၅.၄) သန်း၊ ဘိုနူချီက ပေါင် (၅) သန်း၊ အမ်မရီချန်က ပေါင် (၄.၅) သန်း၊ အင်ဆစ်ဂ်နီက ပေါင် (၄.၁) သန်း၊ အီကာဒီက ပေါင် (၄) သန်း၊ ဂျက်ကိုက ပေါင် (၄) သန်း စသဖြင့် ပါဝင်လျက်ရှိသည်။

ယင်းထိပ်ဆုံး (၁၁)ဦးစာရင်းတွင် ဂျူဗင်တပ်စ်အသင်းက ကစားသမား (၆)ဦးဖြင့် အများဆုံးဖြစ်ခဲ့ပြီး အေစီမီလန်အသင်းက (၂)ဦး၊ အင်တာမီလန်၊ နာပိုလီနှင့် ရိုးမားအသင်းများက (၁)ဦးစီ ပါဝင်ခဲ့ကြသည်။

စီရော်နယ်လ်ဒိုသည် ဂျူဗင်တပ်စ်အသင်းတွင် ဂိုးသွင်းနိုင်ရန် ရုန်းကန်နေရသော်လည်း ၎င်းရောက်ရှိလာပြီးနောက် ဂျူဗင်တပ်စ်အသင်းမှာ အသင်းပုံရိပ်နှင့် စီးပွားရေးဘက်တွင် များစွာ အမြတ်ထွက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent