ကမ္ဘာ့အကောင်းဆုံးဆု The Best အတွက် နောက်ဆုံးဆန်ခါတင်စာရင်းများထုတ်ပြန်

ကမ္ဘာ့အကောင်းဆုံးဆု The Best အတွက် နောက်ဆုံးဆန်ခါတင်စာရင်းများထုတ်ပြန်
Published 4 September 2018

Photo: FIFA

ဖီဖာမှ ချီးမြှင့်မည့် ကမ္ဘာ့အကောင်းဆုံးဆု The Best အတွက် နောက်ဆုံးဆန်ခါတင်စာရင်းများကို ထုတ်ပြန်လိုက်ရာ အကောင်းဆုံးအမျိုးသားဘောလုံးသမားဆု ဆန်ခါတင်(၃)ဦးစာရင်းတွင် စီရော်နယ်လ်ဒို၊ မိုဒရစ်နှင့် ဆာလာတို့ ရွေးချယ်ခံခဲ့ရသည်။
ထို့ကြောင့် မကြာမီက ချီးမြှင့်ခဲ့သည့် ဥရောပအကောင်းဆုံးဘောလုံးသမားဆု ဆန်ခါတင်စာရင်းနှင့်လည်း တူညီနေခဲ့ပြီး ဘာစီလိုနာနှင့် အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီမှာ ဆုနှစ်မျိုးစလုံးတွင် ဆန်ခါတင်စာရင်းနှင့် လွဲချော်ခဲ့ရသည်။
အကောင်းဆုံးအမျိုးသားနည်းပြဆုအတွက် ဆန်ခါတင်(၃)ဦးစာရင်းတွင် ရွေးချယ်ခံရသူများမှာ ခရိုအေးရှားနည်းပြ ဒါလစ်၊ ပြင်သစ်နည်းပြ ဒေးရွှမ့်နှင့် ရီးယဲလ်နည်းပြဟောင်း ဇီဒန်းတို့ဖြစ်သည်။
အဆိုပါ ဆုပေးပွဲကို စက်တင်ဘာ (၂၄)တွင် လန်ဒန်မြို့၌ ပြုလုပ်သွားမည်ဖြစ်ပြီး အကောင်းဆုံးဆု (၇)မျိုး ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ယင်းဆုများမှာ အကောင်းဆုံးအမျိုးသားဘောလုံးသမားဆု၊ အကောင်းဆုံးအမျိုးသမီးဘောလုံးသမားဆု၊ အကောင်းဆုံးအမျိုးသားနည်းပြဆု၊ အကောင်းဆုံးအမျိုးသမီးနည်းပြဆု၊ အကောင်းဆုံးဂိုးသမားဆု၊ အကောင်းဆုံးသွင်းဂိုးဆုနှင့် အကောင်းဆုံးပရိသတ်ဆုတို့ဖြစ်သည်။

■ ဆန်ခါတင်စာရင်း(၅)မျိုး

■ အကောင်းဆုံးအမျိုးသားဘောလုံးသမားဆု
စီရော်နယ်လ်ဒို(ပေါ်တူဂီ)
မိုဒရစ်(ခရိုအေးရှား)
ဆာလာ(အီဂျစ်)

■ အကောင်းဆုံးအမျိုးသမီးဘောလုံးသမားဆု
အဒါဟီဂျာဘတ်(နော်ဝေ)
မာရော့စ်ဇန်(ဂျာမနီ)
မာတာ(ဘရာဇီးလ်)

■ အကောင်းဆုံးအမျိုးသားနည်းပြဆု
ဒါလစ်(ခရိုအေးရှား)
ဒေးရွှမ့်(ပြင်သစ်)
ဇီဒန်း(ရီးယဲလ်)

■ အကောင်းဆုံးအမျိုးသမီးနည်းပြဆု
ရေးနော့ဒ်ပတ်ဒရို(ပြင်သစ်)
တာကာကူရာ(ဂျပန်)
ဆရီနာဝီးမန်း(နယ်သာလန်)

■ အကောင်းဆုံးဂိုးသမားဆု
ကော်တိုအာ(ဘယ်လ်ဂျီယံ)
လိုရစ်(ပြင်သစ်)
ကက်စပါရှမိုက်ကယ်(ဒိန်းမတ်)

 

Most Read

Most Recent