<

ငွေမျက်နှာတစ်ခုတည်းကြည့်သူဟုဆိုကာ အသင်းပိုင်ရှင် ဂျိမ်းစ်ပယ်လော့တာကို ရိုးမားပရိသတ်များ ဆန္ဒပြ

ရိုးမားအသင်းပရိသတ်များသည် အသင်းပိုင်ရှင်အမေရိကန်နိုင်ငံသား ဂျိမ်းစ်ပယ်လော့တာကို ငွေမျက်နှာတစ်ခုတည်းကြည့်သူဟုဆိုကာ ဆန္ဒပြခဲ့ ကြကြောင်း သိရသည်။

ပြီးခဲ့သည့် အေစီမီလန်အသင်းကို ရှုံးနိမ့်ခဲ့သည့်ပွဲအပြီးတွင် ရိုးမားပရိသတ်များသည် အသင်းလေ့ကျင့်ရေးကွင်းတွင် စုရုံး၍ ”ဆုဖလားတွေ ဘယ်မှာလဲ၊ မင်း(ဂျိမ်းစ်ပယ်လော့တာကို ရည်ညွှန်း)တပ်မက်တဲ့ အောင်မြင်မှုက ငွေကြေးအကျိုးအမြတ်ပဲ မဟုတ်လား”ဟု အဓိပ္ပာယ်ရသည့်စာသားများပါဝင် သည့် ဗီနိုင်းများကိုင်ဆောင်၍ အော်ဟစ်ဆန္ဒပြခဲ့ကြသည်။

လက်ရှိဘောလုံး ရာသီ စီးရီးအေပွဲစဉ် (၃)အပြီးတွင် ရိုးမားအသင်းသည် (၁)ပွဲနိုင်၊ (၁)ပွဲသရေ၊ (၁)ပွဲရှုံးရလဒ်သာရရှိထားပြီး အသင်းပရိသတ်များအနေဖြင့် ရလဒ်ပိုင်းထက် အဓိကçကစားသမားများကို ဆက်တိုက်ဆုံးရှုံးနေသဖြင့် စိတ်ပျက်ဒေါသထွက် နေကြခြင်းဖြစ်သည်။

ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင် အဓိ ကကွင်းလယ်လူများဖြစ်သည့် နိုင်ဂိုလန်၊ စထရုမန်းနှင့် ဂိုးသမား အယ်လစ် ဆန်တို့ကို ရိုးမားအသင်း ရောင်းချခဲ့သည်။

September 3, 2018














Copy Protected by Chetan's WP-Copyprotect.