<

ယခုရာသီ ပရီးမီးယားလိဂ်အမြန်ဆုံးကစားသမားအဖြစ် ကယ်လ်ဗတ်လူဝင် ဦးဆောင်

 

ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ တွင် အပြေးအမြန်ဆုံးကစားသမားမှာ အဲဗာတန်အသင်း၏ တိုက်စစ်မှူး ကယ်လ်ဗတ်လူဝင်ဖြစ်သည်ဟု Opta ၀က်ဘ်ဆိုက်တွင် ဖော်ပြသောအချက် အလက်များကို ကိုးကား၍ ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့ သည်။

အသက် (၂၁)နှစ်အရွယ်သာရှိ သေးသူ အင်္ဂလန်လူငယ်တိုက်စစ်မှူး ကယ်လ်ဗတ်လူဝင်သည်သြဂုတ်(၁၈) ရက်နေ့က ကစားခဲ့သော အဲဗာတန် (၂-၁) ဆောက်သမ်တန်ပွဲတွင် အမြန် ဆုံးပြေးနှုန်းတစ်နာရီ (၃၄.၉၃၅)ကီလို မီတာနှုန်းဖြင့် ပြေးလွှားကစားခဲ့ကြောင်း Opta က မှတ်တမ်းတင်ခဲ့သည်။

ယခု တစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ် (၄)မတိုင်မီ ၂၀၁၈-၁၉ ဘောလုံးရာသီအ မြန်ဆုံးပရီးမီးယားလိဂ်ကစားသမားများစာရင်းကို Optaက ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး ဒုတိယနေရာတွင် မန်စီးတီးအသင်း၏ အင်္ဂလန်နောက်ခံလူ ကိုင်လီ ဝေါ်လ်ကာက ရပ်တည်နိုင်ခဲ့သည်။

ဒေါ့မွန်အသင်းတွင် ကစားစဉ် မီတာ (၃၀)ကို (၃.၇)စက္ကန့်ဖြင့် ပြေး နိုင်ခဲ့ပြီး ကမ္ဘာ့တာတိုအပြေးချန်ပီယံ ယူစိန်ဘော့ကဲ့သို့ လျင်မြန်စွာပြေးနိုင်သူဟု နာမည်ကြီးခဲ့သော အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းမှာ ယခုစာ ရင်း၌ အဆင့်(၅)နေရာတွင်သာ ရပ် တည်နိုင်ခဲ့ကြောင်းလည်း သိရှိရသည်။

အမြန်ဆုံးကစားသမား ထိပ်ဆုံး (၁၀)ဦးစာရင်း၌ ဆာနေး(မန်စီးတီး)၊ ရစ်ချာ လီဆန်(အဲဗာတန်)၊ ဒီဘရိုင်းနား(မန် စီးတီး)အစရှိသည့်ကစားသမားများ ပါဝင်ခဲ့ကြောင်း သိရှိရသည်။

Photos : AFP

September 3, 2018














Copy Protected by Chetan's WP-Copyprotect.