<

ဟူဆကာကို ဂိုးဒါဇင်ဝက်ကျော်သွင်းခဲ့တဲ့ ဘာစီလိုနာ

 

တနင်္ဂနွေနေ့ ဥရောပအမှတ်ပေးပွဲစဉ်တွေမှာတော့ ဘာစီလိုနာအသင်းက အိမ်ကွင်းမှာ တန်းတက်ဟူဆကာအသင်းကို ပွဲအစ (၃) မိနစ်မှာပဲ ဂိုးစပေးခဲ့ရပေမယ့် ပွဲအပြီးမှာတော့ (၈-၂) ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။

ဒီပွဲမှာ ဂိုးဖန်တီးမှု (၂)ကြိမ်ပြုလုပ်ခဲ့တဲ့ မက်ဆီကတော့ လက်ရှိဥရောပထိပ်တန်းလိဂ် (၅)ခုရဲ့ ကစားနေဆဲကစားသမားတွေထဲမှာ ဂိုးဖန်တီးမှုအကြိမ် (၁၅၀) နဲ့အများဆုံးကစားသမားလည်းဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် ဟူဆကာအသင်းကို ဂိုးသွင်းပြီးနောက် လာလီဂါသမိုင်းမှာ မက်ဆီဂိုးသွင်းနိုင်တဲ့အသင်း (၃၇) သင်းအထိရှိလာခဲ့ပြီး ဘယ်ကစားသမားထက်မဆို များပြားတဲ့ ပမာဏလည်းဖြစ်ခဲ့ပါတယ်။

လာလီဂါပွဲစဉ် (၃)အပြီးမှာတော့ ဘာစီလိုနာအသင်းက ရီးယဲလ်မက်ဒရစ်အသင်းကို ကျော်ပြီး အဆင့် (၁)နေရာကိုတက်လှမ်းခဲ့ပါတယ်။

အီတလီစီးရီးအေပွဲစဉ်မှာတော့ အန်ဆယ်လော့တီရဲ့ နာပိုလီအသင်းဟာ ပြီးခဲ့တဲ့ပွဲစဉ်မှာ အေစီမီလန်အသင်းကိုအနိုင်ရခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ ဆမ်ဒိုးရီးယားအသင်းကို (၀-၃) ဂိုးနဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့ပါတယ်။

နောက်ထပ်ပွဲစဉ်တွေမှာတော့ နာမည်ကြီးကလပ်အသင်းတွေဖြစ်တဲ့ ဗလင်စီယာ၊ ဆီဗီလာ၊ လိုက်ပ်ဇစ်၊ ရှော်လ်ကေး၊ မိုနာကိုအသင်းတို့ နိုင်ပွဲပျောက်ခဲ့ကြပါတယ်။

လာလီဂါ
လီဗန်တေး ၂ – ၂ ဗလင်စီယာ
အလာဗတ်စ် ၂ – ၁ အက်စ်ပန်ညို
ဘာစီလိုနာ ၈ – ၂ ဟူဆကာ
ဘက်တစ် ၁ – ၀ ဆီဗီလာ

စီးရီးအေ
ဖီအိုရင်တီးနား ၁ – ၀ အူဒီးနီးစ်
အတ္တလန်တာ ၀ – ၁ ကာဂလီယာရီ
ချီယေဗို ၀ – ၀ အမ်ပိုလီ
လာဇီယို ၁ – ၀ ဖရိုဆီနိုနီ
ဆမ်ဒိုးရီးယား ၃ – ၀ နာပိုလီ
ဆာဆူအိုလို ၅ – ၃ ဂျီနိုအာ
တိုရီနို ၁ – ၀ SPAL

ဘွန်ဒစ်လီဂါ
လိုက်ပ်ဇစ် ၁ – ၁ ဒစ်ဆယ်ဒေါ့ဖ်
ရှော်လ်ကေး ၀ – ၂ ဟာသာဘာလင်

ပြင်သစ်လီဂူး
စိန့်အက်တီယန် ၀ – ၀ အာမီယန်စ်
ရန်းစ် ၂ – ၀ ဘော်ဒိုး
မိုနာကို ၂ – ၃ မာဆေးလ်

 

 

September 3, 2018














Copy Protected by Chetan's WP-Copyprotect.