စီရော်နယ်လ်ဒို ဂိုးပေါက်ပျောက်နေဆဲဖြစ်ပေမယ့် ရာသီအစ(၃)ပွဲဆက် အနိုင်ရခဲ့တဲ့ ဂျူဗင်တပ်စ်

စီရော်နယ်လ်ဒို ဂိုးပေါက်ပျောက်နေဆဲဖြစ်ပေမယ့် ရာသီအစ(၃)ပွဲဆက် အနိုင်ရခဲ့တဲ့ ဂျူဗင်တပ်စ်
Published 2 September 2018

Photo: Juventus FC Twitter

■ ပါးမား ၁-၂ ဂျူဗင်တပ်စ်

ဂျူဗင်တပ်စ်အသင်းဟာ ပါးမားအသင်းကို အဝေးကွင်းမှာ ခက်ခက်ကစားခဲ့ရပြီး (၂-၁)ဂိုးနဲ့ အနိုင်ခဲ့ရပါတယ်။

ဂျူဗင်တပ်စ်အသင်းနည်းပြ အယ်လီဂရီဟာ ကန်ဆယ်လိုနေရာမှာ ကွာဒရာဒိုကို အသုံးပြုခဲ့တာကလွဲရင် လာဇီယိုကို အနိုင်ရခဲ့တဲ့လူစာရင်းအတိုင်းပဲ ပွဲထုတ်ခဲ့ပြီး တန်းတက်ပါးမားအသင်းကတော့ အဓိကကစားသမားတွေကို စုံစုံလင်လင်ထည့်သွင်းကာ (၄-၃-၃)ပုံစံနဲ့ ဂျူဗင်တပ်စ်ကို ပြန်လည်ရင်ဆိုင်ခဲ့တာပါ။

ဂျူဗင်တပ်စ်အသင်းဟာ ပွဲစပြီး (၂)မိနစ်အကြာမှာပဲ ဦးဆောင်ဂိုးရခဲ့ပါတယ်။ ညာတောင်ပံကနေ ကွာဒရာဒိုတင်ပေးတာကို မန်ဇူကစ်က ပါးမားနောက်ခံလူနဲ့အပြိုင် ခေါင်းတိုက်ပြီး ပြန်ကျတာလာက ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဂိုးရပြီးနောက်မှာလည်း ဂျူဗင်တပ်စ်ပဲ ဖိကစားခဲ့ပြီး ဂိုးသွင်းခွင့်တွေ ရခဲ့ပေမယ့် အသုံးမချနိုင်သလို ပွဲချိန်(၃၃)မိနစ်မှာ မထင်မှတ်ဘဲ ချေပဂိုး ပြန်ပေးလိုက်ရပါတယ်။

ဘယ်တောင်ပံကနေ ဂေါ့ဘီတင်ပေးတာကို တိုက်စစ်မှူး ဂျာဗင်ဟိုက ဂိုးသမားနဲ့ အနီးကပ်အနေအထားကနေ ပိတ်သွင်းပြီး ပါးမားအတွက် ချေပဂိုးရယူခဲ့တာပါတယ်။

ပထမပိုင်းမှာ (၁-၁)ဂိုးနဲ့ သရေကျနေခဲ့ပြီး ဒုတိယပိုင်းမှာတော့ ဂျူဗင်တပ်စ်တို့ အနိုင်ဂိုးရဖို့ ပါးမားကို ဖိအားပေးကစားလာခဲ့ပါတယ်။

ဂျူဗင်တပ်စ်ကစားသမားတွေဟာ စီရော်နယ်လ်ဒိုကို ဂိုးသွင်းနိုင်အောင် ထောက်ပံ့မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ပါးမားနောက်ခံလူတွေက စီရော်နယ်လ်ဒို အလွတ်မပေးခဲ့တာရယ်၊ စီရော်နယ်လ်ဒိုကိုယ်တိုင်က ဂိုးကံခေနေတာရယ်ကြောင့် ဂိုးရဖို့ ရုန်းကန်ခဲ့ရပါတယ်။

ဂျူဗင်တပ်စ်အသင်းအတွက် အနိုင်ဂိုးကိုတော့ ပွဲချိန် (၅၈)မိနစ်မှာ ဆန်ဒရို၊ မန်ဇူကစ်တို့ရဲ့ တွဲလုံးကနေ မန်ဇူကစ် ချပေးတာကို မာတွီဒီက ဧရိယာအတွင်းကနေ အပြင်းကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

လက်ကျန်မိနစ်တွေမှာလည်း ဂျူဗင်တပ်စ်တို့ ဂိုးရဖို့ ကြိုးစားခဲ့သလို ပါးမားအသင်းကလည်း တန်ပြန်တိုက်စစ်တွေနဲ့ ဂျူဗင်တပ်စ်အသင်းကို ပြန်လည်ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ နှစ်သင်းစလုံး ဂိုးထပ်သွင်းနိုင်ခြင်းမရှိတာကြောင့် ဂျူဗင်တပ်စ်တို့ ရာသီအစ (၃)ပွဲဆက် အနိုင်ရခဲ့ပါတယ်။ ဂျူဗင်တပ်စ်တို့ ဒီရာသီ စီးရီးအေမှာ ရာနှုန်းပြည့်နိုင်ပွဲရနေပေမယ့် စံချိန်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာတဲ့ စီရော်နယ်လ်ဒိုကတော့ (၃)ပွဲဆက် ဂိုးမသွင်းနိုင်ခဲ့တာကြောင့် ဖိအားပိုများလာပြီဆိုရမှာ ဖြစ်ပါတယ်။

 

■ ယနေ့ ယှဉ်ပြိုင်သည့် ဥရောပဘောလုံးပွဲစဉ် ရလဒ်များ

ပရီးမီးယားလိဂ်
-----------------
လက်စတာ ၁-၂ လီဗာပူးလ်
ဘရိုက်တန် ၂-၂ ဖူလ်ဟမ်
ချယ်လ်ဆီး ၂-၀ ဘုန်းမောက်
ခရစ္စတယ်ပဲလေ့စ် ဝ-၂ ဆောက်သမ်တန်
အဲဗာတန် ၁-၁ ဟတ်ဒါဖီးလ်
ဝက်စ်ဟမ်း ဝ-၁ ဝုလ်ဗ်
မန်စီးတီး ၂-၁ နယူးကာဆယ်

 

လာလီဂါ
----------
ဆယ်လ်တာဗီဂို ၂-၀ အက်သလက်တီကို
ရီးယဲလ်မက်ဒရစ် ၄-၁ လီဟာနက်စ်

 

စီးရီးအေ
-----------
ဘိုလော့ဂ်နာ ဝ-၃ အင်တာမီလန်
ပါးမား ၁-၂ ဂျူဗင်တပ်စ်

 

ဘွန်ဒစ်လီဂါ
---------------
ဟော်ဖန်ဟင်မ် ၃-၁ ဖရိုင်းဘတ်
လေဗာကူဆင် ၁-၃ ဝုလ်ဖ်ဘတ်
ဖရန့်ဖတ် ၁-၂ ဝါဒါဘရီမင်
အော့စ်ဘတ် ၁-၁ မိုချန်ဂလာဘတ်
နုရင်ဘတ် ၁-၁ မိန့်ဇ်
စတုဂတ် ဝ-၃ ဘိုင်ယန်မြူးနစ်

ပြင်သစ်လီဂူး
--------------
နီးစ် ၂-၄ PSG
အန်ဂါစ် ၁-၀ လိုင်လီ
ဒီယွန်း ဝ-၂ ကိန်း
ဂူအင်ဂမ့် ၁-၂ တူးလူး
Reims ဝ-၁ မောင့်ပယ်လီယာ
စထရာဘိုး ၂-၃ နန့်စ်

လိဂ်ချန်ပီယံရှစ်
-----------------
ဘာမင်ဂမ် ဝ-၀ QPR
ဘရန့်ဖို့ဒ် ၂-၁ နော်တင်ဟမ်
ဟားလ်စီးတီး ၁-၂ ဒါဘီ
ပရက်စတန် ၂-၂ ဘော်လ်တန်
ရက်ဒင်း ၁-၂ ရှက်ဖီးဝင်းစ်ဒေး
ရှက်ဖီးယူနိုက်တက် ၄-၁ အက်စတွန်ဗီလာ
ဝက်စ်ဘရွန်း ၂-၁ စတုတ်စီးတီး
ဝီဂန် ၁-၀ ရော့သာဟမ်
မီဝေါလ် ၁-၂ ဆွမ်ဆီး

Most Read

Most Recent