ဝေါ်လ်ကာရဲ့ဒုတိယပိုင်းသွင်းဂိုးနဲ့ နိုင်ပွဲပြန်တွေ့ခဲ့တဲ့ မန်စီးတီး

ဝေါ်လ်ကာရဲ့ဒုတိယပိုင်းသွင်းဂိုးနဲ့ နိုင်ပွဲပြန်တွေ့ခဲ့တဲ့ မန်စီးတီး
Published 2 September 2018

Photo: Getty Images

■ မန်စီးတီး ၂-၁ နယူးကာဆယ်

ပရီးမီးယားလိဂ်ပွဲစဉ် (၄) စနေညရဲ့နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ မန်စီးတီးနဲ့ နယူးကာဆယ်အသင်းတို့ပွဲစဉ်မှာတော့ မန်စီးတီးအသင်းက အိမ်ကွင်းမှာ (၂-၁) ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ပွဲစဉ် (၃)မှာ တန်းတက်ဝုလ်ဗ်အသင်းကို မထင်မှတ်ဘဲ သရေကျခဲ့တဲ့ မန်စီးတီးတို့ ဒီပွဲမှာနိုင်ပွဲပြန်ယူနိုင်ခဲ့လို့ ကျေနပ်စရာဖြစ်ခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးလ်နဲ့ ချယ်လ်ဆီးအသင်းတွေကိုလည်း ဖိအားပေးနိုင်ခဲ့ပါတယ်။

အိမ်ကွင်းမှာ အနိုင်ရဖို့အတွက် ဂွါဒီယိုလာဟာ ပြီးခဲ့တဲ့ဝုလ်ဗ်အသင်းနဲ့ သရေကျခဲ့တဲ့ပွဲစဉ်က လူစာရင်းကို အပြောင်းအလဲ လုပ်ခဲ့ပြီး စတုန်း၊ မာရက်ဇ်၊ ဂျေးဆူတို့ကို ပွဲထွက်အဖြစ်အသုံးပြုသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ပွဲစဉ် (၃) မှာ ချယ်လ်ဆီးအသင်းကိုရှုံးနိမ့်ခဲ့တဲ့ နယူးကာဆယ်အသင်းကတော့ အဝေးကွင်းမှာ အမှတ်ရဖို့ လူစုံထုတ်ခဲ့ပြီး ကြိုးစားကစားခဲ့တာတွေ့ရပါတယ်။

Photo: Reuters

ပွဲစကတည်းက နယူးကာဆယ်အသင်းကို ဂိုးသွင်းနိုင်ဖို့ တိုက်စစ်ဆင်ခဲ့တဲ့ မန်စီးတီးတို့ ပွဲချိန် (၈)မိနစ်မှာပဲ အဖွင့်ဂိုးရခဲ့၇ပါတယ်။ ဘယ်နောက်ခံလူ မန်ဒီရဲ့ပေးပို့မှုကနေ စတာလင်က နယူးကာဆယ်ဂိုးဧရိယာထဲကို ဆွဲဝင်ပြီး ဂိုးသမားရဲ့ဘယ်ဘက်ထောင့်ထဲကို ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဂိုးပေးလိုက်ရပြီးချိန်မှာ နယူးကာဆယ်အသင်းဟာ ချေပဂိုးရဖို့အတွက် ကြိုးစားခဲ့တာကြောင့် မန်စီးတီးတို့ အခက်တွေ့ခဲ့ရပါတယ်။

ပွဲချိန်မိနစ် (၃၀)မှာတော့ နယူးကာဆယ်တို့ချေပဂိုးရခဲ့ပြီး ရွန်ဒွန်ရဲ့ ဘယ်တောင်ပံက လှပတဲ့ပေးပို့မှုကနေ ယက်ဒ်လင်က ဂိုးသမားနဲ့အနီးကပ်အနေအထားကနေ ပြေးဝင်ပိတ်သွင်းယူပေးခဲ့တာပါ။

ပထမပိုင်းမှာ (၁-၁) ဂိုးနဲ့ သရေကျနေပြီး ပွဲချိန်ဒုတိယပိုင်းမှာတော့ မန်စီးတီးတို့ အနိုင်ဂိုးအတွက် တင်ကစားလာခဲ့ပါတယ်။

မန်စီးတီးအသင်းအတွက် အနိုင်ဂိုးကိုတော့ ပွဲချိန် (၅၂) မိနစ်မှာ အဂွဲရိုးရဲ့ပေးပို့မှုကနေ ဝေါ်လ်ကာက (၂၈)ကိုက်အကွာကနေ အပြင်းကန်သွင်းပြီး ရယူခဲ့တာ ဖြစ်ပါတယ်။

ဒီဂိုးဟာ ဝေါ်လ်ကာအတွက် မန်စီးတီးကစားသမားဘ၀ ပြိုင်ပွဲစုံ (၅၂)ပွဲ ကစားရာမှာ ပထမဆုံးသောသွင်းဂိုးလည်းဖြစ်ခဲ့ပါတယ်။

Photo: Getty Images

လက်ကျန်မိနစ်တွေမှာ မန်စီးတီးတို့ ဂိုးရနိုင်တဲ့အခွင့်ရေးများစွာရခဲ့ပေမယ့် အဂွဲရိုး၊ ဂျေးဆူတို့ အသုံးမချနိုင်ခဲ့ပါဘူး။ ဒါကြောင့် ပွဲအပြီးမှာ (၂-၁)ဂိုးနဲ့အနိုင်ရပြီး လီဗာပူးလ်နဲ့ ချယ်လ်ဆီးတို့ကို အနီးကပ် ဖိအားပေးနိုင်ခဲ့ပါတယ်။

■ ယနေ့ ယှဉ်ပြိုင်သည့် ဥရောပဘောလုံးပွဲစဉ် ရလဒ်များ

ပရီးမီးယားလိဂ်
-----------------
လက်စတာ ၁-၂ လီဗာပူးလ်
ဘရိုက်တန် ၂-၂ ဖူလ်ဟမ်
ချယ်လ်ဆီး ၂-၀ ဘုန်းမောက်
ခရစ္စတယ်ပဲလေ့စ် ဝ-၂ ဆောက်သမ်တန်
အဲဗာတန် ၁-၁ ဟတ်ဒါဖီးလ်
ဝက်စ်ဟမ်း ဝ-၁ ဝုလ်ဗ်
မန်စီးတီး ၂-၁ နယူးကာဆယ်

လာလီဂါ
----------
ဆယ်လ်တာဗီဂို ၂-၀ အက်သလက်တီကို

စီးရီးအေ
-----------
ဘိုလော့ဂ်နာ ဝ-၃ အင်တာမီလန်

ဘွန်ဒစ်လီဂါ
---------------
ဟော်ဖန်ဟင်မ် ၃-၁ ဖရိုင်းဘတ်
လေဗာကူဆင် ၁-၃ ဝုလ်ဖ်ဘတ်
ဖရန့်ဖတ် ၁-၂ ဝါဒါဘရီမင်
အော့စ်ဘတ် ၁-၁ မိုချန်ဂလာဘတ်
နုရင်ဘတ် ၁-၁ မိန့်ဇ်
စတုဂတ် ဝ-၃ ဘိုင်ယန်မြူးနစ်

ပြင်သစ်လီဂူး
--------------
နီးစ် ၂-၄ PSG

လိဂ်ချန်ပီယံရှစ်
-----------------
ဘာမင်ဂမ် ဝ-၀ QPR
ဘရန့်ဖို့ဒ် ၂-၁ နော်တင်ဟမ်
ဟားလ်စီးတီး ၁-၂ ဒါဘီ
ပရက်စတန် ၂-၂ ဘော်လ်တန်
ရက်ဒင်း ၁-၂ ရှက်ဖီးဝင်းစ်ဒေး
ရှက်ဖီးယူနိုက်တက် ၄-၁ အက်စတွန်ဗီလာ
ဝက်စ်ဘရွန်း ၂-၁ စတုတ်စီးတီး
ဝီဂန် ၁-၀ ရော့သာဟမ်
မီဝေါလ် ၁-၂ ဆွမ်ဆီး

Most Read

Most Recent