အာရှဖလားခြေစစ်ပွဲအတွက် ယူ-၂၂ အသင်းမှ ကစားသမားအများစု ရွေးချယ်ယှဉ်ပြိုင်ရန် စီစဉ်

အာရှဖလားခြေစစ်ပွဲအတွက် ယူ-၂၂ အသင်းမှ ကစားသမားအများစု ရွေးချယ်ယှဉ်ပြိုင်ရန် စီစဉ်
Published 29 August 2017

ဆီးဂိမ်းစ်ပြိုင်ပွဲဝင် မြန်မာယူ-၂၂အသင်း

စက်တင်ဘာ ၅ ရက်တွင် ကာဂျစ္စတန် အသင်းနှင့် အာရှဖလား တတိယအဆင့် ခြေ စစ်ပွဲ တတိယပွဲစဉ်အဖြစ်
ယှဉ်ပြိုင်ကစားရမည့် မြန်မာ့လက်ရွေးစင်အသင်းတွင် လက်ရှိ ဆီး ဂိမ်းစ်ပြိုင်ပွဲယှဉ်ပြိုင်နေသည့် မြန်မာ ယူ-၂၂
အသင်းမှ ကစားသမားအများစု ပါဝင်လာမည် ဖြစ်ကြောင်း သိရသည်။စက်တင်ဘာ ၅ ရက်တွင် ကာဂျစ္စတန်
အသင်းနှင့် အာရှဖလား တတိယအဆင့် ခြေ စစ်ပွဲ တတိယပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရမည့် မြန်မာ့လက်ရွေးစင်
အသင်းတွင် လက်ရှိ ဆီး ဂိမ်းစ်ပြိုင်ပွဲယှဉ်ပြိုင်နေသည့် မြန်မာ ယူ-၂၂ အသင်းမှ ကစားသမားအများစု ပါဝင်
လာမည် ဖြစ်ကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ယင်း ခြေစစ်ပွဲအတွက် ပြီးခဲ့သည့်လမှစ၍
ပဏာမ ကစားသမား ၂၁ ဦးအား ယာယီနည်းပြဆရာ များက တာဝန်ယူလေ့ကျင့်ပေးလျက်ရှိပြီး ယခုလအတွင်း
ပြည်တွင်းခြေစမ်းပွဲများ ဆက် တိုက်ယှဉ်ပြိုင်ကစားထားသလို သြဂုတ် ၂၉ ရက် (ယနေ့) တွင် မလေးရှားလက်ရွေးစင်
အသင်းနှင့် ရန်ကုန်မြို့၌ ခြေစမ်းပွဲ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်း သည် သြဂုတ် ၃၀ ရက်တွင်
ရန်ကုန်မြို့သို့ ပြန် လည်ရောက်ရှိမည်ဖြစ်ပြီး နည်းပြချုပ် ဂတ် ဖရိုင်းဒရစ်မှာလည်း အာရှဖလားခြေစစ်ပွဲ အတွက်
အပြီးသတ်လူရွေးချယ်ရန် မူလ လေ့ ကျင့်ပေးထားသည့် ကစားသမားများ၊ ယူ-၂၂ အသင်းမှ ရွေးချယ်မည့်
ကစားသမားများကို ပေါင်းစပ်ကာ အပြီးသတ်ကစားသမားစာရင်း ထုတ်ပြန်ကြေညာသွားမည်ဖြစ်သည်။
လက်ရှိ ဆီးဂိမ်းစ်ပြိုင်ပွဲယှဉ်ပြိုင်နေသည့် မြန်မာ ယူ- ၂၂ အသင်းတွင် မြန်မာ့လက်ရွေးစင်အသင်းမှ
ကစားသမားအများစု ပါဝင်လျက်ရှိပြီး ကာ ဂျစ္စတန်အသင်းနှင့် အဝေးကွင်းပွဲအတွက် ကစားသမားအများစု
ပါဝင်လာမည်ဖြစ်သည်။   မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်နှင့် နည်းပြအဖွဲ့ဝင်များ၊ ကစားသမားအများစုမှာ
ယူ-၂၂ အသင်းတွင် ပါဝင်လာသောကြောင့် ကာဂျစ္စတန်အသင်းနှင့် အာရှဖလားတတိယ အဆင့်ခြေစစ်ပွဲအတွက်
ပြင်ဆင်ရာတွင် အခက်တွေ့ဖွယ်ရှိနေသည်။ လက်ရှိလေ့ကျင့်နေသည့် မြန်မာ့လက် ရွေးစင်အသင်းသည်
ယခုလအတွင်း၌ ပြည် တွင်းအသင်းများဖြစ်သော ယူ-၂၂ အသင်း၊ ဧရာဝတီအသင်း၊ ဇွဲကပင်အသင်း၊
မကွေး အသင်းတို့နှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစား ထားသည်။ မြန်မာအသင်းနှင့် မလေးရှား အသင်းတို့၏
ခြေစမ်းပွဲကို ယနေ့ညနေ ၄ နာရီ တွင် သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။