ယနေ့ယှဉ်ပြိုင်ကစားမည့် ဘွန်ဒစ်လီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယနေ့ယှဉ်ပြိုင်ကစားမည့် ဘွန်ဒစ်လီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 1 September 2018

 

■ ဟော်ဖန်ဟင်မ် နှင့် ဖရိုင်းဘတ် (စနေည ၈း၀၀ နာရီ)

ဖရိုင်းဘတ်အသင်းရဲ့ အဝေးကွင်းစွမ်းဆောင်ရည် ညံ့ဖျင်းမှုတွေက အခုပွဲကို အဆုံးအဖြတ်ပေးသွားလိမ့်မယ်။ ဟော်ဖန်ဟင်မ် ဂိုးပြတ်၊ မပြတ်ပဲကြည့်ရမှာပါ။

■ လေဗာကူဆင် နှင့် ဝုလ်ဖ်ဘတ် (စနေည ၈း၀၀ နာရီ)

ဝုလ်ဖ်ဘတ်အသင်းမှာ လိုအပ်ချက်တွေရှိနေပေမယ့် အသင်းစိတ်ဓာတ်ပိုင်းကောင်းပါတယ်။ လေဗာကူဆင် ဂိုးပြတ်သွင်းဖို့ မလွယ်လောက်ဘူး။

■ ဖရန့်ဖတ် နှင့် ဝါဒါဘရီမင် (စနေည ၈း၀၀ နာရီ)

ဝါဒါဘရီမင်အသင်းက ရာသီအစမှာ မျှော်လင့်သလို ဖြစ်မလာတတ်တဲ့ အစဉ်အလာရှိပါတယ်။ ဖရန့်ဖတ် အနိမ့်ဆုံးသရေကစားလိမ့်မယ်။

■ အော့စ်ဘတ် နှင့် မိုချန်ဂလာဘတ် (စနေည ၈း၀၀ နာရီ)

အဝေးကွင်းနိုင်ပွဲနဲ့ စတင်ထားတဲ့ အော့စ်ဘတ် ကစားသမားပိုင်းတောင့်ပါတယ်။ ဒီပွဲလည်း အိမ်ကွင်းမှာ အော့စ်ဘတ် အမှတ်ယူလိမ့်မယ်။

■ နုရင်ဘတ် နှင့် မိန့်ဇ် (စနေည ၈း၀၀ နာရီ)

မိန့်ဇ်က အမာခံတွေ ထွက်သွားပေမယ့် ပွဲဦးထွက်နိုင်ပွဲယူခဲ့တာကတော့ ချီးကျူးစရာပါပဲ။ မိန့်ဇ် အဝေးကွင်းမှာ မရှုံးနိုင်ပါဘူး။

■ စတုဂတ် နှင့် ဘိုင်ယန်မြူးနစ် (စနေည ၁၁း၀၀ နာရီ)

စတုဂတ်အသင်းက ဘိုင်ယန်နဲ့ ပြိုင်ပွဲစုံ အိမ်ကွင်းတွေ့ဆုံမှု နောက်ဆုံး(၁၂)ပွဲဆက် နိုင်ပွဲမရခဲ့ပါဘူး။ ရာသီအဖွင့်ပွဲမှာ စတုဂတ် ရှုံးပွဲကြုံတွေ့ထားလို့ အိမ်ကွင်းပရိသတ်ရှေ့မှာ ရလဒ်ကောင်းအောင် ရုန်းကန်ပါလိမ့်မယ်။ တိုက်စစ်ပိုင်းမှာ ဂိုးမက်ဇ်နဲ့ အသစ်ရောက်လာသူတွေထဲက နီကိုလက်ဂွန်ဇာလက်ဇ်ကို သုံးတာထက် ဒီဒါဗီကို ပွဲထွက်ကစားစေတာက ပိုအလုပ်ဖြစ်နိုင်တယ်။ ဘိုင်ယန်ကတော့ ကိုးမန်းဒဏ်ရာရသွားလို့ တောင်ပံတွေမှာ ဝါရင့်တွေဖြစ်တဲ့ ရီဘာရီ၊ ရော်ဘင်အတွဲကိုပဲ ပြန်အသုံးပြုဖို့များတယ်။ ဟာမီးစ် ပြန်လည်ပါဝင်လာဖွယ်ရှိလို့ တိုက်စစ်ပံ့ပိုးမှု ကောင်းလာနိုင်ပေမယ့် စတုဂတ်ကွင်းမှာ ထင်သလောက် မလွယ်နိုင်ဘူး။ အိမ်ရှင်ဘက်ကပဲ ရပ်တည်သင့်တယ်။

 

 

 

Most Read

Most Recent