<

ယနေ့ယှဉ်ပြိုင်ကစားမည့် အီတလီစီးရီးအေပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

■ ဘိုလော့ဂ်နာ နှင့် အင်တာမီလန် (စနေည ၁၀း၃၀ နာရီ)

အင်တာမီလန်က မျှော်လင့်ချက်တွေရဲ့ အဝေးမှာရောက်ရှိနေတယ်။ ကစားသမားသစ်တွေက အသင်းမှာ ကစားပုံမဆိုးပေမယ့် ခံစစ်မှာ ပြဿနာနည်းနည်းရှိနေပါတယ်။ အီကာဒီ ဂိုးပေါက်တွေ့မယ်ဆိုရင် အင်တာမီလန် သွင်းဂိုးတွေအတွက် ပိုပြီး အာမခံချက်ရှိနိုင်ပေမယ့် ဘိုလော့ဂ်နာက အိမ်ကွင်းမှာ ခံစစ်မာဂုဏ်မြင့်လို့ ဒီပွဲမှာလည်း ဂိုးရဖို့ ရုန်းကန်ရဦးမယ်ထင်တယ်။ ဒါပေမဲ့ အင်တာမီလန် နိုင်ပွဲစရမယ်။

■ ပါးမား နှင့် ဂျူဗင်တပ်စ် (တနင်္ဂနွေနံနက် ၁း၀၀ နာရီ)

စီရော်နယ်လ်ဒိုကို ဘယ်သူနဲ့တွဲဖက်ပေးမလဲဆိုတာကို ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီ အကောင်းဆုံးအဖြေမရှာနိုင်သေးဘူး။ ဒူးဂလပ်စ်ကော်စတာကို သုံးရင် စီရော်နယ်လ်ဒိုအတွက် နေရာလွတ်တွေ ပိုရလာတာတွေ့ရတယ်။ ပါးမားက အသင်းလိုက်ကစားပုံမဆိုးပေမယ့် ဂျူဗင်တပ်စ်ထိုးစစ်ကို ပွဲချိန်ပြည့် ရင်ဆိုင်နိုင်မယ်မထင်ဘူး။ ဂျူဗင်တပ်စ် အနိုင်ရဖို့များပေမယ့် ဂိုးအများကြီးပြတ်မယ်မထင်ဘူး။

 

 

September 1, 2018














Copy Protected by Chetan's WP-Copyprotect.