<

ယနေ့ယှဉ်ပြိုင်ကစားမည့် စပိန်လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

■ ဆယ်လ်တာဗီဂို နှင့် အက်သလက်တီကို (စနေည ၁၁း၀၀ နာရီ)

အက်သလက်တီကိုကတော့ ရာသီအစကို သူတို့ရဲ့ကစားပုံဟောင်းအတိုင်း သွားနေတာတွေ့ရတယ်။ ခံစစ်အားပြုပြီး တိုက်စစ်က ဂိုးရတာနဲ့အနိုင်ရအောင် ထိန်းကစားနေတဲ့အစဉ်အလာကို ဆက်ထိန်းထားတဲ့ အက်သလက်တီကိုကို ဆယ်လ်တာဗီဂို အိမ်ကွင်းမှာ ဂိုးရအောင်ကစားနိုင်မလား စောင့်ကြည့်ရမယ်။ အက်သလက်တီကိုနဲ့ ဂိုးအနည်းပဲကြိုက်တယ်။

■ ရီးယဲလ်မက်ဒရစ် နှင့် လီဟာနက်စ် (တနင်္ဂနွေနံနက် ၁း၁၅ နာရီ)

ရီးယဲလ်မက်ဒရစ်အသင်းက နည်းပြ လိုပယ်တယ်ဟီလက်ထဲမှာ ကစားပုံရော၊ စိတ်ဓာတ်ပိုင်းပါ အပြောင်းအလဲတွေ ရှိလာတယ်။ လိုပယ်တယ်ဟီဟာ အသင်းရဲ့ကစားပုံကို ဘောလုံးပိုင်ဆိုင်မှု အသားပေးတဲ့ပုံစံ ပြောင်းလဲခဲ့တာတွေ့ရပြီး ဟီရိုနာကို နိုင်ခဲ့တဲ့ပွဲမှာ ရီးယဲလ်ရဲ့စိတ်ဓာတ်ပိုင်းပြင်ထန်လာတာကိုပါ တွေ့ခဲ့ရတယ်။ ရီးယဲလ်ဟာ အရင်ကဘောလုံးပိုင်ဆိုင်မှု အသားပေးကစားတဲ့ဟန်ဟာ ဂွါဒီယိုလာနဲ့ ဘာစီလိုနာအသင်းရဲ့ ကစားပုံကိုအတုခိုးတာဖြစ်မှာစိုးလို့ ပရိသတ်တွေက သိပ်လက်မခံနိုင်ခဲ့ကြဘူး။ ဒါပေမဲ့ လိုပယ်တယ်ဟီက အဲဒီအယူအဆတွေကို ပြောင်းလဲနိုင်ဖို့ကြိုးစားနေတာတွေ့ရပြီး အခုဆိုဘာစီလိုနာထက်တောင် ဘောလုံးပိုင်ဆိုင်မှုပိုရယူပြီး ဘောလုံးအပေးအယူလုပ်တဲ့ အကြိမ်ပေါင်းကလည်း (၂)ပွဲကစားပြီးချိန်မှာ (၁၅၀၅) ကြိမ်နဲ့ အများဆုံးဖြစ်နေတာတွေ့ရတယ်။ အခုရင်ဆိုင်ရမယ့် လီဟာနက်စ်ကလည်း ပြီးခဲ့တဲ့ရာသီ စပိန်ဘုရင့်ဖလားမှာ သူတို့ကို ဖြုတ်ချထားခဲ့တဲ့ အသင်းဖြစ်လို့ အခုတစ်ကြိမ်ပြန်အတွေ့မှာ ရီးယဲလ်ဘက်က အနိုင်ကစားပြလိုစိတ်တွေလည်း ပိုပြင်းထန်နေနိုင်တယ်။ အိမ်ကွင်းလည်းဖြစ်ပြီး အမှားခံမှာမဟုတ်တဲ့ ရီးယဲလ်နဲ့ ဂိုးအများပဲကြိုက်တယ်။

 

 

September 1, 2018














Copy Protected by Chetan's WP-Copyprotect.