ချယ်လ်ဆီးလူငယ်တိုက်စစ်မှူး အေဘရာဟမ် တစ်ရာသီအငှားဖြင့် အက်စတွန်ဗီလာသို့ ပြောင်းရွှေ့

ချယ်လ်ဆီးလူငယ်တိုက်စစ်မှူး အေဘရာဟမ် တစ်ရာသီအငှားဖြင့် အက်စတွန်ဗီလာသို့ ပြောင်းရွှေ့
Published 1 September 2018

ချယ်လ်ဆီးအသင်း၏အင်္ဂလန်လူငယ်တိုက်စစ်မှူး အေဘရာဟမ်သည် လိဂ်ချန်ပီယံရှစ်ကလပ် အက်စတွန်ဗီလာအသင်းသို့ တစ်ရာသီ အငှားဖြင့် ပြောင်းရွှေ့သွားခဲ့ကြောင်း သိရသည်။

 

Photo: Aston Villa FC Twitter

အသက်(၂၀)အရွယ်သာရှိသေးသည့် အေဘရာဟမ်သည် ချယ်လ်ဆီးအကယ်ဒမီထွက်ကစားသမားတစ်ဦးဖြစ်ပြီး အသင်းကြီးအတွက်
(၂)ပွဲသာပါဝင်ကစားခွင့်ရခဲ့ကာ ၂၀၁၆-၁၇ ဘောလုံးရာသီက လိဂ်ချန်ပီယံရှစ်ကလပ် ဘရစ္စတိုးလ်စီးတီးအသင်းသို့လည်းကောင်း၊ ပြီးခဲ့သည့်ရာသီက ဆွမ်ဆီးအသင်းသို့လည်းကောင်း အငှားသွားရောက်ကစားခဲ့ရသူဖြစ်သည်။

ချယ်လ်ဆီးအသင်းနည်းပြ ဆာရီက အေဘရာဟမ်အား အသင်း၌ရှိနေရန်လိုလားသော်လည်း ပွဲထွက်ခွင့်အတွက် အာမခံချက်မပေးနိုင်ကြောင်း ပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ အငှားသွားရောက်ကစားခွင့်ပြုခဲ့ခြင်းလည်းဖြစ်သည်။

အင်္ဂလန်အသင်းအတွက် (၂)ပွဲပါဝင်ကစားခွင့်ရထားသည့် အေဘရာဟမ်နှင့်ပတ်သက်ပြီး ဆာရီက '' လက်ရှိအချိန်မှာ ပွဲထွက်ခွင့်နဲ့ပတ် သတ်ပြီး သူ့ကို အာမခံချက်မပေးနိုင်သေးပါဘူး။ ဒါပေမဲ့ အသင်းမှာ သူရှိနေမယ်ဆိုရင်တော့ ကျွန်တော်ပျော်ရွှင်မိမှာပါ။ တိုက်စစ်မှူးတစ်ဦးအနေနဲ့တော့ သူဟာ အရမ်းငယ်ရွယ်လွန်းပါသေးတယ်။ သူက အများကြီးတိုးတက်လာနိုင်တဲ့သူပါ'' ဟုပြောကြားခဲ့သည်။

Most Read

Most Recent