အင်ဒိုနီးရှားကို အနိုင်ကစားမည်ဟု သန်းပိုင် ပြောကြား

အင်ဒိုနီးရှားကို အနိုင်ကစားမည်ဟု သန်းပိုင် ပြောကြား
Published 29 August 2017

ထိုင်းနှင့်ပွဲစဉ်တွင် ပထမဆုံး ပွဲထွက်ကစားခဲ့သည့် တိုက်စစ်မှူး သန်းပိုင်။ (ဓာတ်ပုံ - ညီညီစိုးညွန့်)

မြန်မာ ယူ-၂၂ အသင်းတိုက်စစ်မှူး သန်းပိုင်က ယနေ့ယှဉ်ပြိုင်ကစားမည့် အင်ဒိုနီးရှားအသင်းနှင့် ဆီးဂိမ်းစ်ပြိုင်ပွဲ တတိယနေရာလုပွဲတွင် အနိုင်ကစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သန်းပိုင်က ဆီမီးဖိုင်နယ်မှာ ထိုင်းကို ရှုံးခဲ့လို့ ပရိသတ်တွေ ငိုကြွေးနေတာတွေမြင်ရတာ ကျွန်တော်တို့ အရမ်းခံစားရပါတယ်။ ဒါမျိုးနောက်ထပ်မမြင်ရဖို့ ကျွန်တော်တို့ ဆက်လက်ကြိုးစားသွားမှာပါ။ အသင်းမှာ ဒဏ်ရာနဲ့ ပွဲပယ်ကစားသမားမရှိတဲ့အတွက် အင်ဒိုနီးရှားအသင်းနဲ့ပွဲမှာ အင်အားအပြည့်နဲ့ ကစား နိုင်မှာပါ။ ခြေစွမ်းပြကစားနိုင်မယ်လို့လည်း ယုံကြည်ပါတယ်။ အင်ဒိုနီးရှားအသင်းကို အနိုင်ယူပြီး ကြေးတံဆိပ်ဆုကို အရယူသွားမှာပါ ဟု ပြောကြားခဲ့သည်။

သန်းပိုင်သည် ယခုပြိုင်ပွဲတွင် ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ဆီမီးဖိုင်နယ်ပွဲတွင် ပွဲထွက်ကစားသမားများအဖြစ် ပါဝင်ကစားခွင့်ရခဲ့ ပြီး ကျန်ပွဲများတွင် လူစားဝင်ကစားသမား အဖြစ်သာ ကစားခဲ့ရသည်။ သန်းပိုင်သည် အုပ်စုနောက်ဆုံးပွဲများဖြစ်သည့် ဘရူနိုင်းနှင့် မလေးရှားအသင်းတို့ပွဲတွင် လူစားလဲဝင်ရောက်ကစားပြီး နှစ်ပွဲဆက်ဂိုးသွင်းနိုင်ခဲ့သောကြောင့် ဆီမီးဖိုင်နယ်ပွဲတွင် ပွဲထွက်ကစားခွင့်ရခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent