ယနေ့ယှဉ်ပြိုင်ကစားမည့် စီးရီးအေနှင့် လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယနေ့ယှဉ်ပြိုင်ကစားမည့် စီးရီးအေနှင့် လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 31 August 2018

အေစီမီလန် နှင့် ရိုးမား (စနေနံနက် ၀၁း၀၀ နာရီ)

အေစီမီလန်ရော၊ ရိုးမားပါ နှစ်သင်းစလုံး ခံစစ်ပြဿနာတွေရှိနေတယ်။ အေစီမီလန်ကို အရင်ဆုံးချဉ်းကပ်ကြည့်မယ်ဆိုရင် မူဆက်ခီယိုနဲ့ ရိုမက်ဂ်နယ်လီကြားမှာ Space တွေမြင်နေရတယ်။ ဒါက ကွင်းလယ်ခံစစ်ရဲ့ အားနည်းချက်နဲ့ သက်ဆိုင်နေတယ်။ နာပိုလီကို (၂)ဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပြီးမှ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ အေစီမီလန်ကွင်းလယ်ခံစစ်ရဲ့ မလုံခြုံမှုကြောင့် ခံစစ်ကစားသမားတွေ ဝန်ပိခဲ့တာ တွေ့ရတယ်။ ဘစ်ဂလီယာက ဒုတိယပိုင်းရောက်ရင် ကစားပုံကျဆင်းသွားပြီး ကစားသမားသစ် ဘာကာယိုကိုကလည်း အသားကျဖို့အချိန်ယူရဦးမယ်။ အေစီမီလန်ရဲ့ အားအကောင်းဆုံးနေရာတွေက တောင်ပံတိုက်စစ်တွေဖြစ်နေပြီး တိုက်စစ်မှူး ဟီဂွါအင်နဲ့ နားလည်မှုပိုလာရင် ပြိုင်ဘက်တွေကို ပိုပြီးခြိမ်းခြောက်လာနိုင်မှာဖြစ်ပေမယ့် လောလောဆယ်တော့ ရုန်းကန်နေရတယ်။ ရိုးမားက လူငယ်ကစားသမားသစ်တွေနဲ့ မျှော်လင့်ချက်အားကောင်းနေပေမယ့် အေစီမီလန်အမှတ်ရမှာပါ။

 

ဂီတာဖေး နှင့် ဗယ်လာဒိုလစ် (စနေနံနက် ၀၀း၃၀ နာရီ)

ဂီတာဖေး ကစားပုံ၊ ကစားအားမဆိုးလှတဲ့အပြင် အိမ်ကွင်း အားနဲ့ ကစားတတ်ပေမယ့် တိုက်စစ်ကဂိုးရဖို့ ရုန်းကန်နေရ သေးတယ်။ ဗယ်လာဒိုလစ်ကလည်း အဝေးကွင်းမှာ ခံစစ်အား ပြုလာမှာပါ။ ဂိုးနည်းပြီး သရေကျဖို့များတဲ့ပွဲလို့ထင်တယ်။

အီဘာ နှင့် ဆိုစီဒက် (စနေနံနက် ၀၂း၃၀ နာရီ)

အဖွင့်ပွဲ (၂)ပွဲစလုံးရှုံးထားခဲ့လို့ အခုအိမ်ကွင်းပွဲကို အီဘာ ပိုသတိထားကစားလာမယ့်ပုံပါပဲ။ ဒါပေမဲ့ ပြီးခဲ့တဲ့ (၂)ပွဲစလုံးမှာ အီဘာရဲ့ခံစစ်ပိုင်း မတည်ငြိမ်သေးပုံနဲ့တော့ အဝေးကွင်းမှာ ဂိုးတွေရအောင်ကစားပြနေတဲ့ ဆိုစီဒက်တိုက်စစ်ကို ထိန်းချုပ်ဖို့ လွယ်ပါ့မလားစောင့်ကြည့်ရမယ်။ ဆိုစီဒက်နဲ့ ဂိုးအများပါပဲ။

ဗီလာရီးယဲလ် နှင့် ဟီရိုနာ (စနေနံနက် ၀၂း၃၀ နာရီ)

ဗီလာရီးယဲလ်ကတော့ အိမ်ကွင်းပွဲဦးထွက်ကို အရှုံးနဲ့ စခဲ့ ရလို့ အခုအိမ်ကွင်းမှာတော့ မျက်နှာပျက်ခံတော့မယ်မထင်ဘူး။ဟီရိုနာကလည်း ခံစစ်အားပျော့နေသေးပြီး ပြီးခဲ့တဲ့ရာသီကလို ကစားအားမျိုးလည်း မတွေ့ရသေးလို့ ဗီလာရီးယဲလ်ကွင်းမှာ သိပ်ပြီးမမျှော်လင့်နိုင်ပါဘူး။ အိမ်ကွင်းမှာ အာရုံစိုက်ကစားလာ မယ့် ဗီလာရီးယဲလ်နဲ့ ဂိုးအများပဲကောင်းမယ်။

Most Read

Most Recent