ချန်ပီယံလိဂ်အုပ်စုမဲခွဲပွဲတွင် မန်စီးတီးမှလွဲ၍ ပရီးမီးယားလိဂ်အသင်းများ အုပ်စုကျပ်

ချန်ပီယံလိဂ်အုပ်စုမဲခွဲပွဲတွင် မန်စီးတီးမှလွဲ၍ ပရီးမီးယားလိဂ်အသင်းများ အုပ်စုကျပ်
Published 31 August 2018

Photo: UEFA

၂၀၁၈-၁၉ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ၏ အုပ်စုအဆင့်မဲခွဲပွဲကို မိုနာကိုတွင် ယနေ့ည ပြုလုပ်ခဲ့ရာ ပရီးမီးယားလိဂ်လက်ရှိချန်ပီယံ မန်စီးတီးမှလွဲ၍ ကျန်ပရီးမီးယားလိဂ်အသင်းများ အုပ်စုကျပ်ခဲ့သည်။
မန်စီးတီးအသင်းသည် ထိပ်သီးအသင်းများကို ရှောင်လွှဲနိုင်ခဲ့ပြီး ရှက်တာဒိုးနက်၊ လိုင်ယွန်၊ ဟော်ဖန်ဟင်မ်အသင်းတို့နှင့်သာ ကျရောက်ခဲ့ခြင်းဖြစ်သည်။
မန်ယူအသင်းက ဂျူဗင်တပ်စ်၊ ဗလင်စီယာ၊ ယန်းဘွိုင်းစ်အသင်းတို့နှင့် ကျရောက်ခဲ့ပြီး လီဗာပူးလ်အသင်းက PSG ၊ နာပိုလီ၊ ဇီဗက်ဒါအသင်းတို့နှင့် ကျရောက်ခဲ့သည်။
စပါးအသင်းကလည်း ဘာစီလိုနာ၊ အင်တာမီလန်၊ PSV တို့နှင့် ကျရောက်ခဲ့ခြင်းဖြစ်သည်။
ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်များကို စက်တင်ဘာ(၁၈)ရက်နေ့တွင် စတင်ယှဉ်ပြိုင်သွားရမည်ဖြစ်ကြောင်း သိရှိရသည်။

Most Read

Most Recent