အမျိုးသားလေးယောက်တွဲပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာအသင်း ရှုံးပွဲဆက်

အမျိုးသားလေးယောက်တွဲပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာအသင်း ရှုံးပွဲဆက်
Published 30 August 2018

၂၀၁၈ အာရှအားကစားပြိုင်ပွဲ အမျိုးသားလေးယောက်တွဲပိုက်ကျော်ခြင်းပြိုင်ပွဲအဖြစ် ယနေ့နံနက်မြန်မာစံတော်ချိန် (၉)နာရီခွဲ၌ ယှဉ်ပြိုင်ကစား
ခဲ့သော အုပ်စုဒုတိယပွဲစဉ်တွင် မြန်မာအသင်းသည် ဂျပန်အသင်းကို ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

Photo: Zaw Latt Facebook

မြန်မာအသင်းသည် အုပ်စု(က)တွင် အိမ်ရှင် အင်ဒိုနီးရှား၊ ဂျပန်၊ လာအို၊ တရုတ် စသည့်အသင်းများနှင့်အတူကျရောက်နေပြီး အုပ်စုအဖွင့်ပွဲစဉ်၌
လာအိုအသင်းအား (ဝ-၂)ရလဒ်ဖြင့် ရှုံးနိမ့်ပြီးနောက် ယခုပွဲစဉ်တွင် (၁-၂)ရလဒ်ဖြင့် ထပ်မံရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်းပါဝင်သော ယင်းအုပ်စုတွင် အိမ်ရှင်အင်ဒိုနီးရှားအသင်းက (၂)ပွဲကစား (၂)ပွဲစလုံးအနိုင်ရထားကာ ဂျပန်အသင်းမှာလည်း (၃)ပွဲကစား
(၂)ပွဲနိုင်၊ (၁)ပွဲရှုံးရလဒ် ထွက်ပေါ်ထားသည်။ ထို့အတူ အုပ်စုအဖွင့်ပွဲစဉ်တွင် မြန်မာအသင်းကို အနိုင်ရထားသည့် လာအိုအသင်းမှာလည်း

(၃)ပွဲကစား(၂)ပွဲနိုင်၊( ၁)ပွဲရှုံးရလဒ်ထွက်ပေါ်ထားရာ နောက်တစ်ဆင့်အတွက် အခြေအနေကောင်းကို ပိုင်ဆိုင်ထားကြသည်။

မြန်မာအသင်းသည် ယနေ့မွန်းလွဲမြန်မာစံတော်ချိန် (၁)နာရီခွဲတွင် (၂)ပွဲဆက်ရှုံးနိမ့်ထားသည့် တရုတ်အသင်းနှင့် အုပ်စုတတိယပွဲစဉ် ဆက်လက်
ယှဉ်ပြိုင်ရမည်ဖြစ်ပြီး သြဂုတ်(၃၁)ရက်နေ့ မြန်မာစံတော်ချိန်နံနက်(၉)နာရီခွဲတွင် နောက်ဆုံးပွဲစဉ်အဖြစ် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent