လိဂ်ဖလား ဒုတိယအဆင့်ပွဲစဉ်တွင် အဲဗာတန်နှင့် ဝက်ဖို့ဒ် နောက်တစ်ဆင့်တက်ပြီး နယူးကာဆယ်အသင်းရှုံးနိမ့်

လိဂ်ဖလား ဒုတိယအဆင့်ပွဲစဉ်တွင် အဲဗာတန်နှင့် ဝက်ဖို့ဒ် နောက်တစ်ဆင့်တက်ပြီး နယူးကာဆယ်အသင်းရှုံးနိမ့်
Published 30 August 2018

ဂိုးသွင်းအပြီးအောင်ပွဲခံနေသည့် အဲဗာတန်အသင်းသားများ Photo: Getty Images

လိဂ်ဖလားပြိုင်ပွဲ ဒုတိယအဆင့်လက်ကျန်ပွဲစဉ်များကို သြဂုတ်(၂၉)ရက်က ဆက်လက်ယှဉ်ပြိုင်ခဲ့ရာ ပရီးမီးယားလိဂ်ကလပ်အသင်းများတွင် အဲဗာတန်နှင့် ဝက်ဖို့ဒ်အသင်းတို့ နောက်တစ်ဆင့်တက်ရောက်ပြီး၊ နယူးကာဆယ်အသင်းရှုံးနိမ့်ခဲ့ကြောင်းသိရသည်။

အဲဗာတန်အသင်းသည် အိမ်ကွင်းတွင် ရော့သာဟမ်အသင်းကို လူငယ်တိုက်စစ်မှူး ကယ်လ်ဗတ်လူဝင်၏ သွင်းဂိုး (၂) ဂိုးအပါအဝင် (၃-၁) ဂိုးဖြင့်အနိုင်ရခဲ့ခြင်းဖြစ်ပြီး၊ ဝက်ဖို့ဒ်အသင်းမှာမူ ရက်ဒင်းအသင်းကို အဝေးကွင်းတွင် (၂-ဝ) ဂိုးဖြင့်အနိုင်ရခဲ့ခြင်းဖြစ်သည်။

ဂိုးသွင်းအပြီးအောင်ပွဲခံနေသည့် ဝက်ဖို့ဒ်အသင်းသားများ Photo: Twitter

နယူးကာဆယ်အသင်းမှာ နော်တင်ဟမ်အသင်းကို အဝေးကွင်းတွင် မိနစ် (၉၀) အထိ (၁-၁) သရေကစားခဲ့သော်လည်း နာကျင်အချိန်ပိုတွင် (၂) ဂိုးဆက်တိုက်ခွင့်ပြုခဲ့ရကာ (၁-၃) ဂိုးဖြင့် ဂိုးပြတ်အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။

လက်ကျန်ပွဲစဉ်တွင် မီဝေါလ်အသင်းက အိမ်ကွင်းတွင် ပလိုင်းမောက်အသင်းကို (၃-၂) ဂိုးဖြင့်အနိုင်ရခဲ့သည်။

လိဂ်ဖလား ဒုတိယအဆင့်ပွဲရလဒ်များ
----------
အဲဗာတန် ၃-၁ ရော့သာဟမ်
မီဝေါလ် ၃-၂ ပလိုင်းမောက်
နော်တင်ဟမ် ၃-၁ နယူးကာဆယ်
ရက်ဒင်း ဝ-၂ ဝက်ဖို့ဒ်

Most Read

Most Recent