<

ဘင်ဖီကာ၊ PSVနှင့် ဇဗက်ဒါတို့ အုပ်စုအဆင့်တက်ရောက်

PSV – BATE ပွဲမှ အကြိတ်အနယ်မြင်ကွင်း Photo:AFP

ချန်ပီယံလိဂ် Play-off အဆင့် ဒုတိယအကျော့ ပွဲစဉ်များကို သြဂုတ် ၂၉ ရက်က ဆက်လက်ယှဉ်ပြိုင်ခဲ့ရာ ဘင်ဖီကာ၊ PSV နှင့် ဇဗက်ဒါ အသင်းတို့ အုပ်စုအဆင့်သို့တက်ရောက်နိုင်ခဲ့ကြောင်းသိရသည်။

နယ်သာလန်ကလပ် PSV အသင်းသည် ဘီလာရုစ်ကလပ် BATE အသင်းကို ပထမအကျော့ အဝေးကွင်းတွင် (၃-၂) ဂိုးဖြင့်အနိုင်ကစားခဲ့သလို၊ ယခုဒုတိယအကျော့ အိမ်ကွင်းပွဲစဉ်တွင်လည်း (၃-၀) ဂိုးဖြင့် ဂိုးပြတ်အနိုင်ယူပြီး နှစ်ကျော့ပေါင်းရလဒ် (၆-၂) ဂိုးဖြင့်အုပ်စုအဆင့်သို့တက်ရောက်ခဲ့ခြင်းဖြစ်သည်။

ဘင်ဖီကာအသင်းမှာ ဂရိကလပ် PAOK အသင်းကို ပထမအကျော့အိမ်ကွင်းပွဲစဉ်တွင် (၁-၁) ဂိုးဖြင့်သရေကျခဲ့သော်လည်း၊ ဒုတိယအကျော့ အဝေးကွင်းပွဲစဉ်တွင် (၄-၁) ဂိုးဖြင့် ဂိုးပြတ်အနိုင်ယူပြီး အုပ်စုအဆင့်တက်ရောက်ခဲ့ခြင်းဖြစ်သည်။

ဆားဘီးယားကလပ် ဇဗက်ဒါအသင်းမှာမူ သြစတြီးယားကလပ် ဆာလ်ဇ်ဘာ့ဂ်အသင်းကို ပထမအကျော့အိမ်ကွင်းပွဲစဉ်တွင် ဂိုးမရှိသရေကျခဲ့ပြီး ဒုတိယအကျော့အဝေးကွင်းတွင် (၂-၂) ဂိုးဖြင့်သရေကစားကာ အဝေးဂိုးစည်းမျဉ်းဖြင့် အုပ်စုအဆင့်တက်ရောက်ခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ချန်ပီယံလိဂ်အုပ်စုအဆင့် ယှဉ်ပြိုင်ခွင့်ရ (၃၂)သင်းစလုံး အဖြေထွက်ပေါ်ခဲ့ပြီးဖြစ်ပြီး၊ အုပ်စုအဆင့်မဲခွဲပွဲကို သြဂုတ် ၃၀ ရက် မြန်မာစံတော်ချိန် ည(၁၀း၃၀)နာရီ၌ မိုနာကိုတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ချန်ပီယံလိဂ် Play-off (ဒုတိယအကျော့) ရလဒ်များ
————–
ဆဲလ်ဘာ့ဂ် ၂-၂ ဇဗက်ဒါ
(နှစ်ကျော့ပေါင်းရလဒ် ၂-၂ အဝေးဂိုးဖြင့်ဇဗက်ဒါနိုင်)
PSV ၃-၀ BATE
(နှစ်ကျော့ပေါင်းရလဒ် ၆-၂ ဂိုးဖြင့် PSV နိုင်)
PAOK ၁-၄ ဘင်ဖီကာ
(နှစ်ကျော့ပေါင်းရလဒ် ၅-၂ ဂိုးဖြင့် ဘင်ဖီကာနိုင်)

August 30, 2018














Copy Protected by Chetan's WP-Copyprotect.