အမျိုးသမီးလေးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာအသင်း အုပ်စုအဆင့်မှ ထွက်ခဲ့ရ

အမျိုးသမီးလေးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာအသင်း အုပ်စုအဆင့်မှ ထွက်ခဲ့ရ
Published 29 August 2018

သြဂုတ် (၂၉)ရက် (ယနေ့နံနက် ၁၀:၃၀)တွင် ယှဉ်ပြိုင်ကစားခဲ့သည့် အာရှအားကစားပြိုင်ပွဲ၏ လေးယောက်တွဲအမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲ အုပ်စု(က)ဒုတိယပွဲစဉ်တွင် မြန်မာအသင်းသည် အိမ်ရှင်အင်ဒိုနီးရှားအသင်းကို (၁-၂)ပွဲဖြင့် ထပ်မံအရေးနိမ့်ခဲ့ပြီး အုပ်စုအဆင့်မှ ထွက်ခဲ့ရကြောင်း သိရသည်။

Photos: Asian Games

မြန်မာအမျိုးသမီးအသင်းသည် အုပ်စုအဖွင့်ပွဲစဉ်တွင် လာအိုအသင်းအား ရှုံးနိမ့်ထားသည့်အတွက် ယခုပွဲစဉ်၌ အားထည့်ကစားခဲ့ပြီး ပထမပွဲငယ်တွင် ရှုံးနိမ့်ခဲ့သော်လည်း ဒုတိယပွဲငယ်အနိုင်ရခဲ့သောကြောင့် (၁-၁)ပွဲစီ ဖြစ်ခဲ့သည်။ သို့ရာတွင် အဆုံးအဖြတ် နောက်ဆုံးတတိယပွဲငယ်တွင် အင်ဒိုနီးရှားအသင်းက နိုင်ပွဲထပ်မံရယူနိုင်ခဲ့သောကြောင့် အုပ်စုပွဲစဉ် (၂)ပွဲဆက်ရှုံးနိမ့်ကာ ပြိုင်ပွဲမှထွက်ခွာခဲ့ရခြင်းဖြစ်သည်။

မြန်မာအသင်းပါဝင်သော အုပ်စု (က)တွင် အင်ဒိုနီးရှားနှင့် လာအိုအသင်းတို့က (၂)ပွဲစီအနိုင်ရကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားပြီး မြန်မာနှင့်တောင်ကိုရီးယားအသင်းမှာ အုပ်စု(၂)ပွဲစလုံးရှုံးနိမ့်ကာ လက်ကျန်(၁)ပွဲကစားရန် ကျန်သေးသော်လည်း အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။

မြန်မာအမျိုးသမီးအသင်းသည် ယနေ့မြန်မာစံတော်ချိန် ညနေ (၄)နာရီတွင် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် တောင်ကိုရီးယားအမျိုးသမီးအသင်းနှင့်ကစားရမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent