မြန်မာဘော်လီဘောအသင်း ထိုင်းကိုရှုံးနိမ့်

မြန်မာဘော်လီဘောအသင်း ထိုင်းကိုရှုံးနိမ့်
Published 28 August 2018

Photo : Asiangames2018

၂၀၁၈ အာရှအားကစားပြိုင်ပွဲ အမျိုးသားဘော်လီဘောပွဲစဉ် အဆင့်(၇-၁၂)နေရာလုပွဲတွင် မြန်မာဘော်လီဘော အသင်းမှာ ထိုင်းအသင်းကို (၁-၃)ပွဲဖြင့် အရေးနိမ့်ခဲ့ကြောင်း သိရသည်။

မြန်မာ-ထိုင်းပွဲမှာ အကြိတ်အနယ်ရှိခဲ့ပြီး ထိုင်းအသင်းက ၂၆-၂၄၊ ၃၇-၃၅၊ ၂၂-၂၅၊ ၂၅-၁၅ ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်းသည် အဆင့်(၁၁)နေရာလုပွဲအဖြစ် အိန္ဒိယအသင်းနှင့် သြဂုတ် ၃၀ ရက်၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာအသင်းမှာ အုပ်စုပွဲများတွင် ကာဇက်စတန်အသင်းကို (၃-၁)ပွဲဖြင့် အနိုင်ရခဲ့ပြီး ဂျပန်အသင်းကို (၂-၃)ပွဲဖြင့် အရေးနိမ့်ခဲ့သောကြောင့် ဒုတိယနေရာသာ ရရှိခဲ့သည်။

ရှုံးထွက်အဆင့်တွင် မြန်မာအသင်းသည် ကာတာအသင်းနှင့် ရင်ဆိုင်ခဲ့ရပြီး (၃)ပွဲပြတ်ရှုံးခဲ့သဖြင့် ထိုင်းအသင်းနှင့် အဆင့်(၇-၁၂)နေရာလုပွဲ ကစားရခြင်းဖြစ်သည်။

မြန်မာနှင့်ရင်ဆိုင်ရမည့် အိန္ဒိယအသင်းမှာ အဆင့်(၇-၁၂)နေရာလုပွဲတွင် ပါကစ္စတန်ကို (၁-၃)ပွဲဖြင့် ရှုံးနိမ့်ခဲ့သည့်အသင်းဖြစ်သည်။

Most Read

Most Recent