ပရီးမီးယားလိဂ်၏ ပထမဆုံးထုတ်ပယ်ခံရမည့်နည်းပြအဖြစ် မော်ရင်ဟို ပိုမိုရေပန်းစားလာ

ပရီးမီးယားလိဂ်၏ ပထမဆုံးထုတ်ပယ်ခံရမည့်နည်းပြအဖြစ် မော်ရင်ဟို ပိုမိုရေပန်းစားလာ
Published 28 August 2018

Photo : AFP

မန်ယူအသင်းနည်းပြ မော်ရင်ဟိုသည် စပါးအသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် ၂၀၁၈-၁၉ ပရီးမီးယားလိဂ်ပြိုင်ပွဲရာသီ၏ ပထမဆုံးထုတ်ပယ်ခံရမည့်နည်းပြအဖြစ် ပိုမိုရေပန်းစားလာခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်သတ္ကပတ်က ရေပန်းစားမှု၌ မော်ရင်ဟိုမှာ လက်စတာနည်းပြ ဖျူရယ်လ်နှင့်အတူ ၄း၁ လေးဖြင့် ထိပ်ဆုံး၌ပူးတွဲရှိနေပြီး စပါးနှင့်ပွဲအပြီးတွင် ၎င်း၏အနာဂတ် ပိုမိုလှုပ်ခတ်လာမှုကြောင့် အလေးပေးချက်တွင် (၁း၁)လေးအထိ မြင့်တက်ခဲ့ခြင်းဖြစ်သည်။

Photo : AFP

မော်ရင်ဟို၏နောက်တွင် ဆောက်သမ်တန်နည်းပြ မာ့ခ်ဟုချ်က ၆း၁ လေး၊ နယူးကာဆယ်နည်းပြ ဘင်နီတက်ဇ်က ၈း၁ လေး၊ လက်စတာနည်းပြ ဖျူရယ်လ်က ၁၀း၁ လေး၊ ကာဒစ်ဖ်နည်းပြ နေးလ်ဝါနော့ခ်က ၁၂း၁ လေး၊ ဝက်စ်ဟမ်းနည်းပြ ပယ်လီဂရီနီက ၁၂း၁ လေး တို့ဖြင့် အသီးသီးရပ်တည်လျက်ရှိသည်။

မန်ယူအသင်းတွင် မော်ရင်ဟို၏နေရာအစားထိုးမည့် နည်းပြအလေးပေးချက်များလည်း ထွက်ပေါ်နေပြီး ရီးယဲလ်အသင်းနည်းပြဟောင်း ဇီဒန်းက ထိပ်ဆုံးမှရေပန်းအစားဆုံးဖြစ်နေကြောင်း သိရသည်။

■ မန်ယူအသင်းနည်းပြသစ် ရေပန်းစားမှုများ

ဇီဒန်း          ၂း၁ လေး

ကွန်တီ       ၅း၁  လေး

ပိုချက်တီနို   ၆း၁ လေး

ရိုင်ယန်ဂစ်    ၁၄း၁ လေး

အန်ဆယ်လော့တီ  ၁၄း၁ လေး

အယ်လီဂရီ    ၁၄း၁ လေး

လူးဝစ်အင်းနရစ် ၂၀း၁ လေး

တူဟယ်လ်        ၂၂း၁ လေး

ဒေးရှောင့်         ၂၂း၁ လေး

ရှောင်ဒိုက်         ၂၅း၁ လေး

 

Most Read

Most Recent