ယနေ့ယှဉ်ပြိုင်ကစားမည့် လိဂ်ဖလား(Carabao Cup)ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယနေ့ယှဉ်ပြိုင်ကစားမည့် လိဂ်ဖလား(Carabao Cup)ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 28 August 2018

■ ဆွမ်ဆီး နှင့် ခရစ္စတယ်ပဲလေ့စ် (ဗုဒ္ဓဟူးနံနက် ၁း၀၀ နာရီ)

ဆွမ်ဆီးက အသင်းသစ်တစ်သင်းလို ဖြစ်နေပြီ။ နောက်တန်းလောက်ပဲ ကစားသမားဟောင်းတွေ ကျန်တော့တဲ့အနေအထားပါ။ ပဲလေ့စ်က အစစအရာရာသာပါတယ်။ ဒါပေမဲ့ လိဂ်ဖလားပွဲတွေမှာ ပဲလေ့စ် သိပ်အာရုံမစိုက်ပါဘူး။ ဆွမ်ဆီးကို  ယုံကြည်တာ ပိုကောင်းမယ်။

■ ဝင်ဘယ်လ်ဒန် နှင့် ဝက်စ်ဟမ်း (ဗုဒ္ဓဟူးနံနက် ၁း၁၅ နာရီ)

ရာသီအဖွင့် (၃)ပွဲဆက်အရေးနိမ့်ထားတဲ့ ဝက်စ်ဟမ်းနည်းပြ ပယ်လီဂရီနီအတွက် နိုင်ပွဲလိုအပ်နေပြီ။ League One ကလပ်ကို ဝက်စ်ဟမ်း အနိုင်ကစားဖို့များတယ်။

■ ဘုန်းမောက် နှင့် MK ဒွန်းစ် (ဗုဒ္ဓဟူးနံနက် ၁း၁၅ နာရီ)

နောက်ပိုင်းနှစ်တွေမှာ  ဘုန်းမောက်ရဲ့ လိဂ်ဖလားမှတ်တမ်းက ကောင်းမွန်တဲ့အနေအထားမှာရှိပါတယ်။ ဘုန်းမောက် League Two ကလပ်ကို ဂိုးပြတ်သွင်း၊ မသွင်းပဲ ကြည့်ရမှာပါ။

■ ဘရိုက်တန် နှင့် ဆောက်သမ်တန် (ဗုဒ္ဓဟူးနံနက် ၁း၁၅ နာရီ)

ရာသီအဖွင့်မှာ ဆောက်သမ်တန်ထက် ဘရိုက်တန်က အခြေအနေပိုကောင်းနေတယ်။ ဒါပေမဲ့ လိဂ်ဖလားစွမ်းဆောင် ရည်ချင်းယှဉ်ရင် ဆောက်သမ်တန်က ပိုသာပါတယ်။ ဒါ့အပြင် ဆောက်သမ်တန်အတွက် နိုင်ပွဲလိုအပ်နေတဲ့ တွန်းအားလည်း ရှိတယ်။ ဆောက်သမ်တန်ပဲ ရွေးချင်တယ်။

■ ကာဒစ်ဖ် နှင့် နောဝစ်ချ် (ဗုဒ္ဓဟူးနံနက် ၁း၁၅ နာရီ)

ကာဒစ်ဖ်အတွက် ပရီးမီးယားလိဂ်ရှင်သန်ခွင့်က ပိုအရေးကြီးပါတယ်။ လိဂ်ဖလားမှာလည်း ကာဒစ်ဖ်ထက် နောဝစ်ချ်က အားထုတ်မှုပိုကောင်းပါတယ်။ အဝေးကွင်းဖြစ်ပေမယ့် နောဝစ်ချ်နဲ့စွန့်စားတာ ပိုကောင်းမယ်။

■ ဖူလ်ဟမ် နှင့် အိတ်စ်တာ(ဗုဒ္ဓဟူးနံနက် ၁း၁၅ နာရီ)

ဖူလ်ဟမ်က လိဂ်ဖလားမှာ နောက်ဆုံးဆယ်စုနှစ်အတွင်း စတုတ္ထအဆင့်ထက်မပိုပါဘူး။ ဖူလ်ဟမ်ထက် အိတ်စ်တာနဲ့စွန့်စားတာ ပိုကောင်းမယ်။

■ ဟားလ်စီးတီး နှင့် ဒါဘီ (ဗုဒ္ဓဟူးနံနက် ၁း၁၅ နာရီ)

လိဂ်ချန်ပီယံရှစ်ရဲ့ကာလရှည်ပြိုင်ဘက်တွေလို့ ဆိုနိုင်တယ်။ လတ်တလောမှာတော့ ဒါဘီက စွမ်းဆောင်ရည်ပိုကောင်းနေတယ်။ ဒါဘီ မိနစ်(၉၀)အတွင်း မရှုံးနိုင်ဘူး။

■ လိဒ်စ် နှင့် ပရက်စတန် (ဗုဒ္ဓဟူးနံနက် ၁း၁၅ နာရီ)

လိဂ်ချန်ပီယံရှစ်အသင်းအချင်းချင်းဖြစ်နေပေမယ့် အခုပွဲက လိဒ်စ် ဘယ်လိုကစားမလဲအပေါ်မှာပဲ မူတည်တယ်။ အိမ်ကွင်းမှာ လိဒ်စ် အနိုင်ကစားမှာပါ။

■ လက်စတာ နှင့် ဖလိဝုဒ် (ဗုဒ္ဓဟူးနံနက် ၁း၁၅ နာရီ)

နှစ်သင်းစလုံး ရာသီအဖွင့်ရလဒ်တွေကောင်းနေတယ်။ ဒါပေမဲ့ ပရီးမီးယားလိဂ်နဲ့ League Two အကြား အဆင့်ချင်း ကွာပါတယ်။ လက်စတာ ဂိုးပြတ်နိုင်ဖို့များတယ်။

■ ရှက်ဖီးဝင်းစ်ဒေး နှင့် ဝုလ်ဗ် (ဗုဒ္ဓဟူးနံနက် ၁း၁၅ နာရီ)

ဝုလ်ဗ် ဘယ်လိုကစားမလဲ စောင့်ကြည့်ရမယ်။ အရန်တွေကို ပွဲထုတ်ရင်တောင် အင်အားတောင့်လို့ ပုံမပျက်သွားနိုင်ပါဘူး။ ရှက်ဖီးဝင်းစ်ဒေး အိမ်ကွင်းမာပေမယ့် ဝုလ်ဗ် အနိုင်ကစားသွားဖို့များတယ်။

■ စတုတ်စီးတီး နှင့် ဟတ်ဒါဖီးလ် (ဗုဒ္ဓဟူးနံနက် ၁း၃၀ နာရီ)

လိဂ်ချန်ပီယံရှစ်မှာတောင် စတုတ်စီးတီးအသင်း ရုန်းကန်နေရတယ်။ ဒါပေမဲ့ ကစားသမားကောင်းအများစုကို ဆက်ထိန်းထားနိုင်ဆဲပါ။ ဟတ်ဒါဖီးလ်ရဲ့လိဂ်ဖလားအစဉ်အလာက နိမ့်ပါးပါတယ်။ အိမ်ရှင် မိနစ်(၉၀)အတွင်း သရေနဲ့အနိုင်ပါပဲ။

အခြား လိဂ်ဖလား(Carabao Cup)ပွဲစဉ်များ

*ဘလက်ဘန်း - လင်ကွန်း (ဗုဒ္ဓဟူးနံနက် ၁း၁၅ နာရီ)

ဘရန့်ဖို့ဒ် - ချယ်လ်တင်ဟမ်* (ဗုဒ္ဓဟူးနံနက် ၁း၁၅ နာရီ)

ဘာတန် - အက်စတွန်ဗီလာ* (ဗုဒ္ဓဟူးနံနက် ၁း၁၅ နာရီ)

ဒွန်ကက်စတာ - ဘလက်ပူးလ်* (ဗုဒ္ဓဟူးနံနက် ၁း၁၅ နာရီ)

*မစ်ဒယ်ဘရော့ - ရော့ချ်ဒေးလ် (ဗုဒ္ဓဟူးနံနက် ၁း၁၅ နာရီ)

နယူးပို့တ် - အောက်စဖို့ဒ်* (ဗုဒ္ဓဟူးနံနက် ၁း၁၅ နာရီ)

*QPR - ဘရစ္စတိုးလ်ရိုဗာ (ဗုဒ္ဓဟူးနံနက် ၁း၁၅ နာရီ)

*ဝဲဆောလ် - မက်ကယ်ဖီးလ် (ဗုဒ္ဓဟူးနံနက် ၁း၁၅ နာရီ)

ဝိုင်ကမ်ဘီ - ဖောရက်စ်ဂရင်း* (ဗုဒ္ဓဟူးနံနက် ၁း၁၅ နာရီ)

ဝက်စ်ဘရွန်း - မန်းစ်ဖီးလ်* (ဗုဒ္ဓဟူးနံနက် ၁း၃၀ နာရီ)

 

 

Most Read

Most Recent