ယနေ့ယှဉ်ပြိုင်ကစားမည့် စီးရီးအေနှင့် လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယနေ့ယှဉ်ပြိုင်ကစားမည့် စီးရီးအေနှင့် လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 27 August 2018

လီဗန်တေး နှင့် ဆယ်လ်တာဗီဂို (အင်္ဂါနံနက် ၀၀း၄၅ နာရီ)

ရာသီအစမှာပဲ ခြေစွမ်းပြနေတဲ့ လီဗန်တေးရဲ့ မာကျောတဲ့အိမ်ကွင်းကစားပုံက အခုလည်း ခြေမမှန်သေးတဲ့ ဆယ်လ်တာဗီဂိုကို ဖိအားပေးနိုင်ဦးမယ့်ပုံပါပဲ။ ဒီလိုဆန့်ကျင်ဘက်အခြေအနေမှာတော့ လီဗန်တေးနဲ့ ဂိုးအများပဲကောင်းမယ်။

ဘီလ်ဘာအို နှင့် ဟူဆကာ (အင်္ဂါနံနက် ၂း၃၀ နာရီ)

အဖွင့်ပွဲစဉ် အဝေးကွင်းမှာ အီဘာကိုနိုင်ထားလို့ တန်းတက် ဟူဆကာ တက်ကြွနေနိုင်ပေမယ့် အခုရင်ဆိုင်ရမယ့် ဘီလ်ဘာအိုက အီဘာထက် အများကြီး သမ္ဘာရင့်သလို၊ အိမ်ကွင်းကစားပုံလည်း ကောင်းတယ်။ ဘီလ်ဘာအိုရဲ့အိမ်ကွင်းအားကိုလည်း တောင့်ခံနိုင်ဖို့မလွယ်ဘူး။ ဘီလ်ဘာအိုနဲ့ ဂိုးအများပါပဲ။

ရိုးမား နှင့် အတ္တလန်တာ (အင်္ဂါနံနက် ၁း၀၀ နာရီ)

လူငယ်သွေးသစ်တွေနဲ့ ရိုးမားရဲ့ ကစားပုံက အသွင်သစ် ဖြစ်နေပါတယ်။ ဂျက်ကိုက သွင်းဂိုးတွေအတွက် အာမခံချက်ရှိနေဆဲဖြစ်ပြီး တောင်ပံတိုက်စစ်ကစားပုံကလည်း ထက်မြက်နေပါတယ်။ ဒါပေမဲ့ အတ္တလန်တာရဲ့ သူရဲကောင်းဂိုးမက်ဇ်က ရိုးမားခံစစ်ထုထည်ကို ခြိမ်းခြောက်မှာဖြစ်လို့ ပေါ့ဆလို့မရပါဘူး။ အတ္တလန်တာဘက်ကို ရိုးမား ဂိုးပေးရနိုင်လို့ (၂)ဂိုးပြတ်၊ မပြတ် စဉ်းစားရမယ်။ ရိုးမားနဲ့ နှစ်သင်းပေါင်းဂိုးအများဖြစ်နိုင်တယ်။

Most Read

Most Recent