<

ပရီးမီးယားလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

 

Photo: AFP

 

■  ၀က်ဖို့ဒ် နှင့် ပဲလေ့စ် (တနင်္ဂနွေည ၇း၀၀ နာရီ)
ဝက်ဖို့ဒ်က (၂)ပွဲစလုံးအနိုင်ရထားတယ်။ တကယ်တော့ ဒီရာသီပြင်ဆင်မှု သိပ်အားမကောင်းခဲ့တဲ့ အသင်းတစ်သင်းအနေနဲ့ အဖွင့်(၂)ပွဲအပြီး (၆)မှတ်ရခဲ့တာ ကျေနပ်စရာပါ။ ပဲလေ့စ်က မနှစ်က ရာသီကုန်ပိုင်းမှာ ပြသခဲ့တဲ့အရှိန်က ဒီနှစ်ရာသီအဖွင့်မှာလည်း ဆက် အရှိန်ရနေတုန်းပဲ။ လီဗာပူးလ်နဲ့ ပွဲကို ရှုံးခဲ့ပေမယ့် ပဲလေ့စ်ကစားပုံ မညံ့ပါဘူး။ ဒီပွဲလည်း ပဲလေ့စ်ကိုပဲကြိုက်တယ်။

■  ဖူလ်ဟမ် နှင့် ဘန်လေ (တနင်္ဂနွေည ၉း၃၀ နာရီ)
ဖူလ်ဟမ်က ငွေတွေသုံးထားပြီး ကစားသမားကောင်းတွေစုထားတယ်။ ဒါပေမဲ့ ကစားသမားကောင်းတွေခေါ်တိုင်း တခြားအသင်းတွေထက် ပိုကောင်းသွားတယ်ပြောမရဘူး။ ဒီအသင်းက ဒီလောက်ငွေတွေသုံးမှ ပရီးမီးယားလိဂ်အဆင့်ကိုမီတာပါ။ တန်းတက်အသင်း ဖြစ်သလို၊ ခေါ်ထားတဲ့ကစားသမားတွေကိုလည်း မစုစည်းနိုင်သေးဘူး။ အထူးသဖြင့် ခံစစ် အရမ်းအားနည်းနေတယ်။ ဘန်လေကို ကြိုက်တယ်။

■  နယူးကာဆယ် နှင့် ချယ်လ်ဆီး (တနင်္ဂနွေည ၉း၃၀ နာရီ)
နယူးကာဆယ်က ချယ်လ်ဆီးကို ဒုက္ခပေးတတ်တဲ့အသင်းပါ။ အထူးသဖြင့် နယူးကာဆယ် အိမ်ကွင်းမှာဆိုရင် ချယ်လ်ဆီး ရုန်းကန်ရလေ့ရှိတယ်။ လက်ရှိနယူးကာဆယ်က အဖွင့်ပွဲမှာ စပါးကိုရှုံးခဲ့ပြီး ဒုတိယပွဲမှာတော့ ကာဒစ်ဖ်ကွင်းမှာ သရေကျခဲ့တယ်။ နှစ်ပွဲစလုံးမှာ ပုံမှန်ခြေစွမ်းရှိတာက ရှယ်ဗေတစ်ဦးတည်းရှိပြီး ကန်နေဒီ၊ ရစ်ချီတို့က မဆိုးဘူးလို့ ပြောနိုင်တယ်။ ဒါပေမဲ့ စိတ်ချရတဲ့အနေအထားတော့မရှိဘူး။ ဒီပွဲမှာ ကန်နေဒီတောင် ကစားခွင့်မရဘူးဆိုတော့ နယူးကာဆယ်ရဲ့ တိုက်စစ်က ပိုအားနည်းသွားနိုင်ပြီး တိုက်စစ်မှူး ဟိုဆေးလူက ချယ်လ်ဆီးရဲ့ ခံစစ်ကို ကျော်ဖြတ်ဖို့ ခက်လိမ့်မယ်။ ချယ်လ်ဆီးက ဂျော်ဂျင်ဟို အထိုင်ကျသွားပြီလို့ ပြောလို့ရပြီး၊ ကွန်တေလည်း ပုံစံကောင်းပြနေပါတယ်။ ဒါပေမဲ့ တစ်ဦးချင်းအနေနဲ့ ကောင်းပေမယ့် အသင်းလိုက်အနေနဲ့ဆိုရင်တော့ ဒီနှစ်ဦးရဲ့ တာဝန်ယူထားရပုံက ချယ်လ်ဆီးခံစစ်ကို ကူပေးတဲ့အပိုင်းမှာ ပြဿနာရှိတယ်။ ဒါကြောင့် မန်စီးတီး၊ ဟတ်ဒါဖီးလ်၊ အာဆင်နယ်တို့နဲ့ ကစားခဲ့တဲ့ ပွဲစဉ် (၃)ပွဲမှာ ချယ်လ်ဆီးခံစစ် ဟာကွက်တွေရှိခဲ့တာကိုတွေ့ ရတယ်။ ကွင်းလယ်တိုက်စစ်၊ တောင်ပံတိုက်စစ်နဲ့ တိုက်စစ်ပိုင်း ကစားပုံတွေကတော့ ချယ်လ်ဆီးက အားနည်းချက်မရှိတဲ့အပြင် Flexibilty ဖြစ်တဲ့ စုဖွဲ့မှုနဲ့ ထိုးဖောက်မှုတွေကို မြင်ရတယ်။ ခက်ခဲမယ့်ပွဲပါ။ ဒါပေမဲ့ ချယ်လ်ဆီး ကပ်နိုင်ဖို့များတယ်။

 

August 26, 2018














Copy Protected by Chetan's WP-Copyprotect.