နောက်ကလိုက်ကစားခဲ့ရပေမယ့် နိုင်ပွဲဆက်ခဲ့တဲ့ နာပိုလီ

နောက်ကလိုက်ကစားခဲ့ရပေမယ့် နိုင်ပွဲဆက်ခဲ့တဲ့ နာပိုလီ
Published 26 August 2018

Photo: Twitter

■ နာပိုလီ ၃-၂ အေစီမီလန်

နာပိုလီအသင်းဟာ အိမ်ကွင်းမှာ အေစီမီလန်အသင်းကို ဦးဆောင်ဂိုး (၂)ဂိုးပေးခဲ့ရပေမယ့် (၃)ဂိုးပြန်သွင်းကာ (၃-၂)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

နာပိုလီနည်းပြ အန်ဆယ်လော့တီဟာ လာဇီယိုကို နိုင်ခဲ့တဲ့ပွဲက လူစာရင်းမှာ ဂိုးသမားနေရာကိုသာ အပြောင်းအလဲ လုပ်ခဲ့ပြီး အာဆင်နယ်က အငှားခေါ်ထားတဲ့ အော့စ်ပင်နာကို ပွဲထွက်အဖြစ် အသုံးပြုခဲ့ပါတယ်။

အေစီမီလန်အသင်းကတော့ (၄-၃-၃)ပုံစံနဲ့ ပွဲထွက်ခဲ့ပြီး ဟီဂွါအင်၊ ဆူဆို၊ ဘိုရီနီတို့ တိုက်စစ်မှာ ထားကာ ကက်ဆီ၊ ဘစ်ဂလီယာ၊ ဘိုနာဗန်တူရာ၊ ရိုမက်ဂနိုလီစတဲ့ အဓိက ကစားသမားတွေကို အသုံးပြုသွားခဲ့ပါတယ်။

နာပိုလီအသင်းဟာ ပွဲစကတည်းက အိမ်ကွင်းမှာ အနိုင်ရဖို့ အေစီမီလန်ဘက်ကို ဖိကစားသွားခဲ့ပြီး အယ်လန်၊ အင်ဆစ်ဂနီတို့ရဲ့ ကန်ချက်တွေကို အေစီမီလန်ဂိုးသမား ဒွန်နာရမ်မာက ကာကွယ်နိုင်ခဲ့ပါတယ်။

နာပိုလီတို့ ဖိကစားနေပေမယ့် ပွဲချိန် (၁၅)မိနစ်မှာ မထင်မှတ်ဘဲ အေစီတို့ အဖွင့်ဂိုးရသွားခဲ့ပါတယ်။ ဘိုရီနီ ဖန်တီးပေးတာကို ဘိုနာဗန်တူရာ လှလှပပကန်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ နှစ်သင်းစလုံးအခွင့်အရေးထပ်ရခဲ့ကြပေမယ့် ဂိုးသွင်းနိုင်ခြင်းမရှိလို့ ပထမပိုင်းမှာ အေစီမီလန်အသင်းက (ဝ-၁)ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

Photo: Twitter

ဒုတိယပိုင်း ပြန်အစမှာလည်း အေစီမီလန်ဟာ အထိုင်မကျသေးတဲ့ နာပိုလီကို အခွင့်ကောင်းယူပြီး ပွဲချိန် (၄၉)မိနစ်မှာ ဒုတိယဦးဆောင်ဂိုး ရသွားခဲ့ပါတယ်။ ဆူဆိုရဲ့ ဖန်တီးမှုကနေ ကယ်လာဘရီယာက သွင်းယူခဲ့တာပါ။

(၂)ဂိုးပေးလိုက်ရပြီးနောက်မှာတော့ နာပိုလီ ချေပဂိုးရဖို့ တင်ကစားလာခဲ့ပြီး ပွဲချိန် (၅၃)မိနစ်မှာ ကယ်လီဟွန်ရဲ့ ပေးပို့မှုကနေ ဇီလင်စကီးက ပထမချေပဂိုး သွင်းယူပေးခဲ့ပါတယ်။

ချေပဂိုးရပြီးနောက်မှာ အားတက်သွားတဲ့ နာပိုလီဟာ ဆက်တိုက် တိုက်စစ်ဖွင့်ကစားခဲ့တာကြောင့် အေစီမီလန်တို့ အခက်တွေ့ခဲ့ရပြီး ဂိုးတွေ ဆက်တိုက်ပေးခဲ့ရပါတယ်။ နာပိုလီအတွက် ဒုတိယချေပဂိုးကို ဒီနေ့ပွဲစဉ်မှာ ခြေစွမ်းပြနေတဲ့ ဇီလင်စကီးက ထောင့်ကန်ဘောကနေ အေစီနောက်ခံလူတွေ ဖျက်ထုတ်လို့ ပြန်ကျလာတဲ့ ဘောလုံးကို ဧရိယာထိပ်ကနေ မြေမကျဘော လှလှပပကန်သွင်းပြီး ရယူပေးခဲ့ပါတယ်။

နာပိုလီအတွက် အနိုင်ဂိုးကိုတော့ ပွဲချိန်မိနစ် (၈၀)မှာ အယ်လန်ချပေးတာကို လူစားဝင်လာတဲ့ မာတင်စ်က ဂိုးသမားနဲ့အနီးကပ်အနေအထားကနေ ပိတ်သွင်းပြီး ရယူပေးခဲ့တာ ဖြစ်ပါတယ်။

နာပိုလီဟာ ရာသီအစ ပွဲစဉ်(၂)ပွဲမှာပဲ လာဇီယို၊ အေစီမီလန်စတဲ့ အသင်းကြီးတွေနဲ့ ဆက်တိုက်ကစားခဲ့ရပေမယ့် (၂)ပွဲစလုံးအနိုင်ရခဲ့တာကြောင့် နည်းပြသစ် အန်ဆယ်လော့တီအတွက် ကျေနပ်စရာ ဖြစ်ခဲ့ပါတယ်။

 

■ ယနေ့ယှဉ်ပြိုင်မည့် ပွဲစဉ်များ ရလဒ်

 

ပရီးမီးယားလိဂ် ပွဲစဉ် (၃)
----------------------------
ဝုလ်ဗ် ၁-၁ မန်စီးတီး
ဘုန်းမောက် ၂-၂ အဲဗာတန်
အာဆင်နယ် ၃-၁ ဝက်စ်ဟမ်း
ဟတ်ဒါဖီးလ် ဝ-၀ ကာဒစ်ဖ်
ဆောက်သမ်တန် ၁-၂ လက်စတာ
လီဗာပူးလ် ၁-၀ ဘရိုက်တန်

 

လာလီဂါပွဲစဉ် (၂)
-------------------
အလာဗတ်စ် ၁-၀ ဘက်တစ်
အက်သလက်တီကို ၁-၀ ဗယ်လက်ကာနို

စီးရီးအေပွဲစဉ် (၂)
-------------------
ဂျူဗင်တပ်စ် ၂-၀ လာဇီယို
နာပိုလီ ၃-၂ အေစီမီလန်

 

ဘွန်ဒစ်လီဂါပွဲစဉ် (၁)
-----------------------
ဟာသာဘာလင် ၁-၀ နုရင်ဘတ်
ဝါဒါဘရီမင် ၁-၁ ဟန်နိုဗာ
ဖရိုင်းဘတ် ဝ-၂ ဖရန့်ဖတ်
ဝုလ်ဖ်ဘတ် ၂-၁ ရှော်လ်ကေး
ဒစ်ဆယ်ဒေါ့ဖ် ၁-၂ အော့စ်ဘတ်
မိုချန်ဂလာဘတ် ၂-၀ လေဗာကူဆင်

လီဂူးပွဲစဉ် (၃)
----------------
PSG ၃-၁ အန်ဂါစ်
အာမီယန်စ် ၄-၁ Reims
မောင့်ပယ်လီယာ ဝ-၀ စိန့်အက်တီယန်
နန့်စ် ၁-၁ ကိန်း
နိုက်စ် ဝ-၄ ဒီယွန်း
တူးလူး ၁-၀ နီးစ်

 

လိဂ်ချန်ပီယံရှစ် (၅)
---------------------
အက်စတွန်ဗီလာ ၁-၁ ရက်ဒင်း
ဘလက်ဘန်း ၁-၀ ဘရန့်ဖို့ဒ်
ဘော်လ်တန် ဝ-၃ ရှက်ဖီးယူနိုက်တက်
ဒါဘီ ၂-၀ ပရက်စတန်
နောဝစ်ချ် ဝ-၃ လိဒ်စ်
QPR ၁-၀ ဝီဂန်
ရှက်ဖီးဝင်းစ်ဒေး ၂-၁ အစ်ဝစ်ချ်
စတုတ်စီးတီး ၂-၀ ဟားလ်စီးတီး
ဆွမ်ဆီး ဝ-၁ ဘရစ္စတိုးလ်စီးတီး
နော်တင်ဟမ် ၂-၂ ဘာမင်ဂမ်

Most Read

Most Recent