<

အဆင့်အတန်းကို ငွေကြေးဖြင့် ၀ယ်ယူ၍မရဆိုသည့် မော်ရင်ဟို၏ ပြောစကားကို မိမိထောက်ခံသည်ဟု ဂွါဒီယိုလာ ပြောကြား

မန်စီးတီးအသင်းနည်းပြ ဂွါဒီ ယိုလာက အဆင့်အတန်းကို ငွေကြေး ဖြင့် ၀ယ်ယူ၍မရဆိုသည့် မော်ရင်ဟို ၏ ပြောစကားကို မိမိထောက်ခံနေ သည်ဟု ပြောကြားခဲ့သည်။

မန်စီးတီးအသင်း၏ အ၀တ်လဲခန်းအတွင်းမှ အကြောင်းအရာများကို ရိုက်ကူးပုံဖော်ထားသည့် Amazon ၏ မှတ်တမ်းရုပ်ရှင်တွင် မော်ရင်ဟို နှင့် မန်ယူအသင်းတို့အပေါ် လှောင် ပြောင်သည့် ဖြစ်ရပ်များပါဝင်ခဲ့ရာ မော်ရင်ဟိုက ငွေကြေးဖြင့် ကစားသ မားကောင်းများကို ၀ယ်ယူနိုင်သော် လည်း အဆင့်အတန်းကို ၀ယ်ယူ၍ မရဟုဆိုကာ မန်စီးတီးအသင်းအပေါ် ပြန်လည်ဝေဖန်ခဲ့ခြင်းဖြစ်သည်။

မော်ရင်ဟို၏ ယင်းကဲ့သို့ပြော ဆိုခဲ့ခြင်းအပေါ် မှတ်ချက်ပေးရန် မီဒီယာများက ဂွါဒီယိုလာကိုမေးမြန်းခဲ့ ရာ ဂွါဒီယိုလာက ”ဒါဟာ အမှန်တရားပါ။ အဆင့်အတန်းကို ငွေကြေးနဲ့ ၀ယ်ယူလို့မရပါဘူး။ ကျွန်တော်က ဒီ စကားလုံးအတွက် ဟိုဆေးနဲ့ အမြင် ချင်းတူပါတယ်။ ကျွန်တော်တို့အသင်း ဟာ အောင်မြင်မှုတွေကို ရှာဖွေဖို့ကြိုး စားနေပေမယ့် ငွေကြေးနဲ့အဆင့်အ တန်းကို ၀ယ်လို့မရပါဘူး။ ဒါကြောင့် လည်း ကျွန်တော်တို့အသင်းက အ စွမ်းကုန်ကြိုးစားနေတာပါ။ အောင် မြင်မှုတွေ၊ ဆုဖလားတွေရဖို့ ကြိုးစား နေကြတာပါ။ ငွေကြေးကြောင့်တော့ အဆင့်အတန်းကို ၀ယ်ယူလို့မရပါ ဘူး။ ကြိုးစားမှုနဲ့ပဲ ရနိုင်ပါမယ်”ဟု ပြောကြားခဲ့သည်။

August 21, 2018




MOST VIEWS











Copy Protected by Chetan's WP-Copyprotect.