မိုနာကိုမှ လူမာကို လီဗာပူးလ်အသင်း ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ကမ်းလှမ်း

မိုနာကိုမှ လူမာကို လီဗာပူးလ်အသင်း ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ကမ်းလှမ်း
Published 29 August 2017

Photo: Getty Images

လီဗာပူးလ်အသင်းသည် ယခုနွေရာသီတစ်လျှောက်လုံး အာဆင်နယ်အသင်း ခေါ်ယူရန် ကြိုးပမ်းခဲ့သည့် မိုနာကိုအသင်းမှ ပြင်သစ်ကွင်းလယ်ကစားသမား သောမတ်စ်လူမာကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၇၄)သန်းဖြင့် ကမ်းလှမ်းလိုက်ကြောင်း ပြင်သစ်မီဒီယာ L'Equipe က ဖော်ပြခဲ့သည်။

လူမာသည် မိုနာကိုအသင်းတွင် တောင်ပံကစားသမားအဖြစ် ခြေစွမ်းပြနေသော်လည်း ကွင်းလယ်တွင် နေရာစုံကစားနိုင်သူဖြစ်သောကြောင့် စပါးနှင့် ချယ်လ်ဆီးအသင်းတို့ကလည်း စိတ်ဝင်စားခဲ့ကြသည်။

အာဆင်နယ်အသင်းသည် နောက်ဆုံးအကြိမ် ပေါင်သန်း(၅၀)ဖြင့် ကမ်းလှမ်းမှု ပယ်ချခံခဲ့ရသည့်အတွက် အာစင်ဝင်းဂါးက လက်လျှော့လိုက်ပြီဟု ဝန်ခံခဲ့ပြီးနောက် လီဗာပူးလ်အသင်းက စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ကမ်းလှမ်းလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

လီဗာပူးလ်အသင်းသည် ကနဦးပြောင်းရွှေ့ကြေးအဖြစ် ပေါင်(၆၆)သန်းပေးချေမည်ဖြစ်ပြီး ကြေး ပေါင်(၈)သန်း ထပ်ဆောင်းပေးမည်ဟု ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

လီဗာပူးလ်အသင်း ယခုကဲ့သို့ စံချိန်တင်ငွေကြေးပမာဏဖြင့် ကမ်းလှမ်းမှုပြုလုပ်ခဲ့ခြင်းကြောင့် ဘရာဇီးလ်ကွင်းလယ်ကစားသမား ကော်တင်ဟိုကို ရောင်းထုတ်မည့်အလားအလာဖြစ်နိုင်ကြောင်းလည်း လေ့လာသူများက သုံးသပ်လျက်ရှိသည်။

Most Read

Most Recent