စပိန်၊ ပေါ်တူဂီတို့ှနှင့် ကစားမည့် ခရိုအေးရှားအသင်းလူစာရင်းတွင် မိုဒရစ်နှင် ရာကီတစ်တု့ိပါဝင်

စပိန်၊ ပေါ်တူဂီတို့ှနှင့် ကစားမည့် ခရိုအေးရှားအသင်းလူစာရင်းတွင် မိုဒရစ်နှင် ရာကီတစ်တု့ိပါဝင်
Published 21 August 2018

ခရိုအေးရှားအသင်းသည် လာမည့်စက်တင်ဘာလအတွင်း စပိန်၊ ပေါ်တူဂီ စသည့်အသင်းများနှင့် ကစားမည့် လူစာရင်းကို ထုတ်ပြန်ခဲ့ရာ ရီးယဲလ်မက်ဒရစ်အသင်းကွင်းလယ်လူ မိုဒရစ်နှင့် ဘာစီလိုနာအသင်းကွင်းလယ်လူ ရာကီတစ်တို့ ပါဝင်လာခဲ့ကြောင်း
သိရသည်။

အသက် (၃၃)နှစ်အရွယ်ရှိပြီဖြစ်သူ မိုဒရစ်သည် ပြီးခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ခရိုအေးရှားအသင်းနှင့်အတူ ဒုတိယဆုရ
ရှိခဲ့သူဖြစ်ပြီး ၎င်းကိုယ်တိုင်လည်း ပြိုင်ပွဲ၏အကောင်းဆုံးကစားသမားဆု ဆွတ်ခူးခဲ့သည်။ ထို့ပြင် မိုဒရစ်သည် UEFA ၏တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်(၃)ဦးစာရင်းတွင် ရီးယဲလ်မက်ဒရစ်အသင်းဖော်ဟောင်း စီရော်နယ်လ်ဒို၊ လီဗာပူးလ်အသင်း တောင်ပံကစားသမား ဆာလာတို့နှင့်အတူ ပါဝင်လျက်ရှိသည်။

ခရိုအေးရှားအသင်း၏ဝါရင့်ကစားသမားများဖြစ်သည့် တိုက်စစ်မှူး မန်ဇူကစ်၊ နောက်ခံလူ ကော်လူကာနှင့် ဂိုးသမား ဆူဘာရှစ်တို့မှာ ယခုလအစောပိုင်းက လက်ရွေးစင်အသင်းမှ အနားယူသွားခဲ့ရာ နည်းပြ ဒါလစ်အနေဖြင့် လာမည့်ပွဲစဉ်များတွင် ကစားသမားအ ပြောင်းအလဲများပြုလုပ်ကာ ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

စပိန်၊ ပေါ်တူဂီတု့ိနှင့် ကစားမည့်ပွဲစဉ်များအတွက် နည်းပြ ဒါလစ်၏ ကစားသမား(၂၅ဦးစာရင်းတွင် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အ
သင်းသားအများစုပါဝင်လာခဲ့သော်လည်း အိမ်ပြန်ပို့ခံခဲ့ရသည့် တိုက်စစ်မှူး ကာလီနစ်နှင့် ကျန်းမာရေးပြဿနာရှိနေသည့် အေစီမီလန်နောက်ခံလူ စထရီ်နစ်တို့မှာ ပါဝင်လာခြင်းမရှိပေ။

ခရိုအေးရှားအသင်းသည် လာမည့်စက်တင်ဘာ (၆)ရက်တွင် ခြေစမ်းပွဲအဖြစ် ပေါ်တူဂီအသင်းနှင့်လည်းကောင်း၊ စက်တင်ဘာ (၁၁)ရက်တွင် Nations League ပြိုင်ပွဲ၏ပွဲစဉ်အဖြစ် စပိန်အသင်းကို အဝေးကွင်းတွင် လည်းကောင်း အသီးသီးယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ခရိုအေးရှားအသင်းသည် အိမ်ကွင်း၊ အဝေးကွင်း(၂)ကျော့ကစားရမည့် အဆိုပါ Nations League ပြိုင်ပွဲတွင် စပိန်၊ အင်္ဂလန်တို့နှင့်အတူ ကျရောက်နေပြီး ဒုတိယပွဲစဉ်အဖြစ် အောက်တိုဘာ (၁၂)ရက်တွင် အင်္ဂလန်အသင်းကို အိမ်ကွင်း၌ လက်ခံယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

စပိန်၊ ပေါ်တူဂီတို့နှင့်ကစားမည့် ခရိုအေးရှားအသင်းလူစာရင်း

ဂိုး- ကာလီနစ်(KAAဂျန့်)၊ လီဗာကိုဗစ်(ဒိုင်နမိုဇာဂရက်)၊လယ်တီကာ(ကလပ်ဘရုဂေး)

နောက်တန်း -ဗီဒါ(ဘက်ဆစ်တက်)၊ ၊ လိုဗရန်(လီဗာပူးလ်)၊ ဗာဆယ်လ်ကို(အင်တာမီလန်)၊ ပီဗာရစ်(ဒိုင်နမိုကိဗ်)၊ ယက်ဗိုင်း(လေဗာကူဆင်)၊ မီထရိုဗစ်(ကလပ်ဘရုဂေး)၊ ဘာရီရှစ်( ရိန်းဂျားစ်)၊ မီလစ်(အန်ဒါလက်ချ်)

အလယ်တန်း - မိုဒရစ်(ရီးယဲလ်မက်ဒရစ်)၊ ရာကီတစ်(ဘာစီလိုနာ)၊ ကိုဗာချစ်(ချယ်လ်ဆီး)၊ ဘာဒဲလ်(လာဇီယို)၊ ဘရိုဇိုဗစ်(အင်တာမီလန်)၊ ဘရာဒါရစ်(ကာဂလီယာရီ)၊ မာကိုရော့ဂ်(နာပိုလီ)၊ ပါဆာလစ်(အတ္တလန်တာ)

ရှေ့တန်း - ပါရီဆစ်(အင်တာမီလန်)၊ ခရမ်မာရစ်(ဟော်ဖန်ဟင်မ်)၊ ရယ်ဘစ်(ဖရန့်ဖတ်)၊ ယာဆာ(ဖီအိုရင်တီးနား)၊ ဆန်တီနီ(အန်
ဒါလက်ချ်)၊ လီဗာဟာ(AEKအေသင်)

Photos : AFP

 

 

Most Read

Most Recent