<

အသင်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်များအား အမြန်ဆုံးသိရှိနိုင်စေမည့် စမတ်လက်ပတ်ကို မန်စီးတီးအသင်း ထုတ်လုပ်ရောင်းချ

Photo: Fantom

ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ လက်ရှိချန်ပီယံ မန်စီးတီးအသင်းသည် ပရိသတ်များအနေဖြင့် အသင်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို အမြန်ဆုံးသိရှိနိုင်စေမည့် စမတ်လက်ပတ် ထုတ်လုပ်ရောင်းချသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ယခုအစီအစဉ်အရ မန်စီးတီးအသင်းသည် ကမ္ဘာပေါ်တွင် စမတ်လက်ပတ် ပထမဆုံးထုတ်လုပ်သည့် ဘောလုံးအသင်းအဖြစ်လည်း မှတ်တမ်းဝင်မည်ဖြစ်ပြီး တနင်္လာနေ့(ယနေ့)မှစ၍ လက်ပတ်တစ်ခုလျှင် ပေါင်(၈၀)နှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

Photo: Fantom

ယင်းလက်ပတ်မှတစ်ဆင့် မန်စီးတီးအသင်း ယှဉ်ပြိုင်ကစားသွားမည့် ပွဲစဉ်နှင့် ပွဲချိန်များ၊ ပွဲကစားနေစဉ်အတွင်း အချက်အလက်များ တိုက်ရိုက်ပေးပို့မှု၊ အသင်း၏နောက်ဆုံးအခြေအနေနှင့်ပတ်သက်သည့် သတင်းများပေးပို့မှုတို့ကို လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
မန်စီးတီးအသင်း၏ စမတ်လက်ပတ်ထုတ်လုပ်မှုကို ပရိသတ်များက ကြိုဆိုခဲ့ကြပြီး ပရိသတ်တစ်ဦးက အသင်းနှင့် ပိုမိုနီးစပ်သွားစေမည့်အစီအစဉ်ဖြစ်သည်ဟုဆိုခဲ့သလို၊ အခြားပရိသတ်တစ်ဦးကလည်း ”သတင်းအသစ်တွေက ခင်ဗျားရဲ့လက်ကောက်ဝတ်ပေါ် ချက်ချင်းရောက်လာမှာပါ။ အိတ်ထဲက လက်ကိုင်ဖုန်းကို ထုတ်နေစရာ မလိုတော့ဘူးပေါ့” ဟုဆိုခဲ့သည်။
သို့သော် ပရိသတ်တစ်ဦးကမူ အခမဲ့ဖတ်ရှုနိုင်သည့်သတင်းများကို ပေါင်(၈၀)ဖြင့်ရောင်းချခြင်းမှာ ရယ်စရာကောင်းသည်ဟု ဝေဖန်ခဲ့ကြောင်း သိရှိရသည်။

August 20, 2018














Copy Protected by Chetan's WP-Copyprotect.