အုပ်စုနောက်ဆုံးပွဲစဉ်တွင် အီရန်ယူ-၂၃ကိုမြန်မာအနိုင်ခဲ့ရသော်လည်း နောက်တစ်ဆင့်မတက်ရောက်နိုင်ခဲ့

အုပ်စုနောက်ဆုံးပွဲစဉ်တွင် အီရန်ယူ-၂၃ကိုမြန်မာအနိုင်ခဲ့ရသော်လည်း နောက်တစ်ဆင့်မတက်ရောက်နိုင်ခဲ့
Published 21 August 2018

အင်ဒိုနီးရှားနိုင်ငံတွင်အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသော ၂၀၁၈ အာရှအားကစားပြိုင်ပွဲ၏ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(စ)နောက်ဆုံးပွဲစဉ်တွင် မြန်မာယူ-၂၃အသင်းသည် အီရန်ယူ-၂၃အသင်းကိုအနိုင်ရခဲ့သော်လည်း ဂိုးကွာခြားချက်ကြောင့်(၁၆)သင်းရှုံးထွက်အဆင့်သို့တက်ရောက်နိုင်ခဲ့ခြင်းမရှိကြောင်းသိရသည်။

ဓာတ်ပုံ - ညီညီစိုးညွန့်

မြန်မာယူ-၂၃အသင်းသည် ယခုပွဲစဉ်တွင် ဒဏ်ရာပြသနာရှိနေသော အသင်းခေါင်းဆောင် ဇော်မင်းထွန်း၏နေရာတွင် လူငယ်နောက်ခံလူ စိုးမိုးကျော်ကိုပြောင်းလဲအသုံးပြုခဲ့ပြီး စည်သူအောင်ကိုလည်း ပွဲထွက်လူစာရင်းတွင် ထည့်သွင်းလာခဲ့သည်။

မြန်မာယူ-၂၃အသင်းသည်အီရန်အသင်းကိုပထမပိုင်းပွဲကစားချိန်အတွင်းမှာပင် ဖိအားပေးနိုင်ခဲ့ပြီး အနိုင်ဂိုး(၂)ဂိုးစလုံးကို ဒုတိယပိုင်းတွင်သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်းအတွက် အနိုင်ဂိုးများကို လွင်မိုးအောင်နှင့် ထက်ဖြိုးဝေတို့ကသွင်းယူပေးခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ - ညီညီစိုးညွန့်

မြန်မာအသင်းပါဝင်သော အုပ်စု(စ)ပွဲစဉ်တွင် မြောက်ကိုရီးယားအသင်းက ဆော်ဒီအသင်းကို(၃-ဝ)ကိုဖြင့် အနိုင်ရရှိခဲ့သောကြောင့် အုပ်စုတွင်းရပ်တည်မှုတွင် မြန်မာယူ-၂၃အသင်းသည်အောက်ဆုံးသို့ရောက်ရှိသွားခဲ့ခြင်းဖြစ်သည်။

အုပ်စု(စ)တွင်ပါဝင်သောအသင်းများအားလုံးသည် အုပ်စုတွင်းပွဲစဉ်အားလုံးကစားပြီးချိန်တွင် စုစုပေါင်းရမှတ်(၄)မှတ်စီရရှိခဲ့ပြီး ဂိုးကွာခြားချက်အရ အီရန်အသင်းအုပ်စုပထမ၊မြောက်ကိုရီးယားအသင်းက အုပ်စုဒုတိယ၊ဆော်ဒီအသင်းက အုပ်စုတတိယနှင့် မြန်မာအသင်းက အုပ်စု အောက်ဆုံးနေရာတွင် ရပ်တည်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ - ညီညီစိုးညွန့်

မြန်မာယူ-၂၃အသင်းသည် ၂၀၁၈ အာရှအာရှကစားပြိုင်ပွဲ၏ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(စ)တွင် မြောက်ကိုရီးယားကို(၁-၁)ဖြင့်သရေရလဒ်၊ဆော်ဒီကို (ဝ-၃)ဂိုးဖြင့် ရှုံး၊ အီရန်ကို(၂-ဝ)ဂိုးဖြင့် အနိုင်ရခဲ့သည်။

Most Read

Most Recent