<

လက်စတာအသင်းနှင့် အန်ဒီဒီ စာချုပ်သက်တမ်းတိုး

နိုင်ဂျီးရီးယားလက်ရွေးစင်ကွင်းလယ်လူ အန်ဒီဒီသည် မိခင်ကလပ် လက်စတာအသင်းနှင့် ၂၀၂၄ ခုနှစ်အထိသက်တမ်းရှိမည့် စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုခဲ့ကြောင်း သိရသည်။

အာဆင်နယ်အသင်း၏စိတ်ဝင်စားခြင်းခံခဲ့ရသူ အန်ဒီဒီမှာ အသင်းနှင့် (၂)နှစ်သက်တမ်းတိုးခဲ့ခြင်းလည်းဖြစ်သည်။

၎င်းသည် ၂၀၁၇၊ ဇန်န၀ါရီလတွင် KRCဂျန့်အသင်းမှ လက်စတာသို့ ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်း၏ စွမ်းဆောင်ရည်အကောင်းဆုံး ကစားသမားများထဲတွင် တစ်ဦးအပါအ၀င်ဖြစ်ခဲ့သည်။

ထို့ကြောင့် လက်စတာအသင်းက ၎င်းကိုဆက်လက်ထိန်းသိမ်းရန် စာချုပ်သစ်တစ်ရပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

(၂၁)နှစ်အရွယ်ရှိ အန်ဒီဒီသည် ပြီးခဲ့သည့် ပရီးမီးယားလိဂ်ရာသီ၏ ဘောလုံးလုယူနိုင်မှု အကောင်းဆုံးကစားသမားဖြစ်ခဲ့ပြီး လက်စတာအသင်း၏ အကောင်းဆုံးလူငယ်ဆုကို (၂)နှစ်ဆက်တိုက် ဆွတ်ခူးရရှိခဲ့သည်။

ထို့ပြင် ၎င်းမှာ ပြီးခဲ့သည့်ကမ္ဘာ့ဖလားပွဲတွင်လည်း နိုင်ဂျီးရီးယားအသင်းအတွက် ပွဲချိန်ပြည့်ဝင်ရောက်ကစားပေးခဲ့သည်။

” လက်စတာအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုနိုင်လို့ အရမ်းပျော်ရွှင်ရပါတယ်။ ကလပ်အသင်းနဲ့အတူ ရှိတဲ့အချိန်တိုင်းအတွက်လည်း ကျေနပ်မိပြီး ဒီအသင်းမှာ နောက်ထပ်(၆)နှစ် ဖြတ်သန်းရမှာဖြစ်လို့ စိတ်လှုပ်ရှားမိပါတယ်။ အသင်းဖော်တွေ၊ အံ့အားသင့်ဖွယ်ကောင်းတဲ့ ပရိသတ်တွေနဲ့အတူ အနာဂတ်မှာအောင်မြင်မှုရဖို့ မျှော်လင့်ပါတယ်” ဟု အန်ဒီဒီက အသင်းဝက်ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။

 

August 20, 2018














Copy Protected by Chetan's WP-Copyprotect.