လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 20 August 2018

ဗလင်စီယာ - အက်သလက်တီကို (၂၁-၈-၂၀၁၈ နံနက် ၁၂း၃၀)

ဒီနှစ်သင်းမှာ အက်သလက်တီကိုက အင်အားဖြည့်မှုတွေပိုလုပ်ထားတာ တွေ့ရတယ်။ ခြေစမ်းပွဲတွေမှာတော့ နှစ်သင်း စလုံး အားရစရာသိပ်မရှိဘူး။ ဒါကလည်း နှစ်သင်းစလုံး လူငယ်တွေနဲ့ စမ်းသပ်မှုတွေလုပ်နေကြလို့လည်းဖြစ်နိုင်တယ်။ အခုပွဲကတော့ လာလီဂါအဖွင့်ပွဲလည်း ဖြစ်လာပြီဆိုတော့ လူစုံတက်စုံနီးပါးထုတ်ပြီး ကစားဖို့ရှိနေတယ်။ ဗလင်စီယာဆိုအခုပွဲ နီးမှ အားဖြည့်တာမျိုးတွေလုပ်ထားပြီး အက်သလက်တီကိုက ဂါမဲရိုးနဲ့ ချယ်လ်ဆီးက ဘတ်ရှူအာယီတို့ကို ခေါ်ယူထားလို့ တိုက် စစ်မှာ ရိုဒရီဂို၊ ဇာဇာ၊ ဂါမဲရိုး၊ ဘတ်ရှူအာယီ၊ ဆန်တီမီနာတို့နဲ့ အတော်လေးအားကောင်းနေပြီလို့ပြောနိုင်တယ်။ ကွင်းလယ်နဲ့ ခံစစ်ပိုင်းမှာလည်း ဗလင်စီယာရဲ့ကစားသမားဖြည့်တင်းမှုတွေက အတော်ကိုကျေနပ်စရာကောင်းနေလို့ အသင်းရဲ့နေရာအ လိုက်ဟန်ချက်ပိုင်းကိုပဲ စောင့်ကြည့်ရမလိုဖြစ်နေတယ်။ အက်သလက်တီကိုကတော့ ဒီရာသီမှာ လူကြီးတွေကိုလက်လွှတ် ပြီး လူငယ်အများစုနဲ့ အသင်းကိုတည်မယ့်ပုံမျိုးတွေ့ရတယ်။ လက်ရှိစုဖွဲ့မှုကလည်း အားရစရာသိပ်ကောင်းတယ်။ အဖွင့်ပွဲဖြစ် တာကြောင့် နှစ်သင်းစလုံး ထိန်းကစားသွားကြဖို့များပါတယ်။ ဂိုးနည်းပြီး သရေကျဖို့များတဲ့ပွဲလို့ပဲထင်တယ်။

ဘီလ်ဘာအို - လီဟာနက်စ် (၂၁-၈-၂၀၁၈ နံနက် ၂း၃၀)

နည်းပြသစ် ပယ်လီဂရီနိုတာဝန်ယူထားတဲ့ လီဟာနက်စ် ရဲ့ အဝေးကွင်းခံကစားလာနိုင်ပုံကို စောင့်ကြည့်ရမယ်။ ဘီလ် ဘာအိုကလည်း အိမ်ကွင်းအားနဲ့ ကစားလေ့ရှိတဲ့အသင်းတွေထဲမှာ ပါနေပေမယ့် ရာသီအစခြေစွမ်းက ပုံမှန်မရှိတတ်ဘူး။ ဘီလ် ဘာအိုအနိုင်ရရင်တောင် လီဟာနက်စ်ရဲ့ကစားအားကြောင့် ဂိုးနည်းနည်းနဲ့ ကပ်နိုင်မယ့်ပွဲမျိုးလို့ပဲထင်တယ်။

Most Read

Most Recent