ပရီးမီးယားလိဂ်နှင့် စီးရီးအေပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်နှင့် စီးရီးအေပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 20 August 2018

ခရစ္စတယ်ပဲလေ့စ် - လီဗာပူးလ် (၂၁-၈-၂၀၁၈ နံနက် ၁း၃၀)

ဗန်ဒိုက်ရောက်လာတဲ့အချိန်ကစပြီး လီဗာပူးလ်ရဲ့ခံစစ်က သိသိသာသာတိုးတက်လာခဲ့တယ်။ ဗန်ဒိုက် ကစားတဲ့ပွဲတွေ မှာ လီဗာပူးလ် Clean Sheet တွေ အများကြီးယူနိုင်ခဲ့တယ်။ လီဗာပူးလ်ရဲ့ ကစားဟန်အရလည်း ခံစစ်ကစားသမားတွေက သက်သာတယ်လို့ ပြောလို့ရပြီး၊ ဗန်ဒိုက်-ဂိုးမက်ဇ်နှစ်ဦးစလုံးက စိတ်ချရသူတွေဖြစ်တာကြောင့် အဖွင့်ပွဲစဉ်မှာ လီဗာပူးလ် ရဲ့ ခံစစ်ပိုင်းက သာမန်အမှား၊ အမှားသေးသေးလေးတစ်ခုတလေကိုတောင် မကျူးလွန်ခဲ့တာတွေ့ရတယ်။ ပဲလေ့စ်က အဖွင့်ပွဲတုန်းက အဝေးကွင်းနိုင်ပွဲယူထားတဲ့အသင်းဖြစ်ပြီး ကစားသမားဟောင်းတွေပဲ ခြေစွမ်းပြခဲ့တာတွေ့ရတယ်။ အထူးသဖြင့် ဇာဟာပါပဲ။ ဒါပေမဲ့ ဇာဟာရဲ့ လက်ရှိခြေစွမ်းကို ရပ်တန့်နိုင်တဲ့ ကွင်းလယ်နဲ့ ခံစစ်ကို လီဗာပူးလ်က ပိုင်ဆိုင်ထားပြီး လီဗာပူးလ် ရဲ့ တိုက်စစ်ကို ပဲလေ့စ်က ထိန်းချုပ်ဖို့ ခက်နေဦးမှာသေချာတယ်။ ဖူလ်ဟမ်နဲ့ ပွဲပြီးတော့ ရင်ဆိုင်ရတဲ့ ပြိုင်ဘက်က လီဗာပူးလ် ဖြစ်သွားတာက ပဲလေ့စ်အတွက် ဆိုးပါတယ်။ ပြိုင်ဘက်နှစ်သင်းကြားက Gap က ကြီးလွန်းပြီး ပဲလေ့စ်ကစားသမားတွေ ဒီအခြေအနေကို မှန်မှန်ကန်ကန်တုံ့ပြန်နိုင်ဖို့ခက်တယ်လို့ ယူဆရတယ်။ မနှစ်ကတော့ လီဗာပူးလ်အပေါ် ယုံကြည်မှုအရမ်းထား မိတာနဲ့ ဒီအသင်းက အမှားကျူးလွန်လေ့ရှိတာကိုမြင်ခဲ့ရပြီး ဒီရာသီမှာ ဒီအမှားကိုလီဗာပူးလ်ပြင်ရလိမ့်မယ်။ နိုင်ပွဲရမှာပါ။

အတ္တလန်တာ - ဖရိုဆီနိုနီ (၂၁-၈-၂၀၁၈ နံနက် ၁း၀၀)

အတ္တလန်တာက အရင်ရာသီတွေလိုပဲ အသင်းလိုက် စု စည်းမှုကို အားပြုပြီး ကစားဦးမယ်ထင်တယ်။ ယူရိုပါလိဂ်ခြေစစ် ပွဲကာလဖြစ်နေပေမယ့် စီးရီးအေအဖွင့်အိမ်ကွင်းပွဲစဉ်မှာ အတ္တ လန်တာအမှားခံမယ်မထင်ဘူး။ ဖရိုဆီနိုနီက ရာသီကြိုကာလ မှာ ရလဒ်တွေဆိုးရွားနေပါတယ်။ အတ္တလန်တာနဲ့ ဂိုးအနည်း ဖြစ်လာနိုင်တယ်။

Most Read

Most Recent