အီတလီစီးရီးအေပွဲစဉ် (၁) ပွဲကြိုသုံးသပ်ချက်များ

အီတလီစီးရီးအေပွဲစဉ် (၁) ပွဲကြိုသုံးသပ်ချက်များ
Published 19 August 2018

 

Photo: AFP

■ တိုရီနို နှင့် ရိုးမား (တနင်္ဂနွေည ၁၀း၃၀ နာရီ)
နိုင်ဂိုလန်နဲ့ ဂိုးသမား အယ်လစ်ဆန်လို ကြယ်ပွင့်တွေကို ရိုးမားဆုံးရှုံးထားရပေမယ့် ယက်စတင်ကလွိုက်ဗတ်၊ ပက်ထရစ်ရှစ်ခ်၊ အန်ဒါတို့လို လူငယ်သွေးသစ်တွေနဲ့ စိတ်ဝင်စားစရာပါပဲ။ တိုရီနိုက ကွင်းလယ်ကို အဓိကထားပြင်ဆင်ထားပြီး အရင်လို အိမ်ကွင်းမာဂုဏ်မြင့်မားနေဦးမယ်ဆိုရင် ရိုးမား မလွယ်ပါဘူး။ ရိုးမား အလွန်ဆုံးကပ်နိုင်ရုံပါပဲ။

■ ဘိုလော့ဂ်နာ နှင့် SPAL (တနင်္လာနံနက် ၁း၀၀ နာရီ)
SPAL က စီးရီးအေအတွေ့အကြုံရင့်ကစားသမားတွေ ကို အားဖြည့်ထားတယ်။ ကာတစ်၊ ပယ်လော့ခီတို့ကို အပြီးသတ် ခေါ်ယူနိုင်ခဲ့တာက SPAL ကွင်းလယ်နဲ့ တိုက်စစ်ကို ပိုပြီး အင် အားတောင့်တင်းစေပါလိမ့်မယ်။ ဘိုလော့ဂ်နာမှာ ဗာဒီမရှိတော့ လို့ တိုက်စစ်အားနည်းသွားနိုင်ပေမယ့် ဒက်စထရို၊ ဖယ်ဆီနယ်လီတို့ရှိနေသေးတယ်။ ဘိုလော့ဂ်နာ အမှတ်ရမယ်။

■ အမ်ပိုလီ နှင့် ကာဂလီယာရီ (တနင်္လာနံနက် ၁း၀၀ နာရီ)
အမ်ပိုလီရဲ့ ပြင်ဆင်မှုက သိပ်ပြီးအားရစရာမရှိဘူး။ စုဖွဲ့မှုနဲ့ပဲ ရှေ့ဆက်မယ်ထင်ပါတယ်။ ကာဂလီယာရီ အဝေးကွင်းဖြစ်နေလို့ သရေတစ်မှတ်လောက်ပဲရမယ်ထင်ပါတယ်။

■ ပါးမား နှင့် အူဒီးနီးစ် (တနင်္လာနံနက် ၁း၀၀ နာရီ)
လုပ်ပွဲပြဿနာစွဲချက်တွေကင်းစင်ခဲ့ပေမယ့် ပါးမားရဲ့ ရာသီအစခရီး သာယာပါ့မလား စောင့်ကြည့်ရမယ်။ ပြင်ဆင်မှုတွေ ပြုလုပ်ထားပေမယ့် အူဒီးနီးစ်က အမှတ်ရအောင်ကစားတတ်ပါတယ်။ ပါးမား အမှတ်လျော့သွားနိုင်တယ်။

■ ဆာဆူအိုလို နှင့် အင်တာမီလန် (တနင်္လာနံနက် ၁း၀၀ နာရီ)
အင်တာမီလန်က ကစားသမားသစ်များစွာ အားဖြည့်ထားပြီး ရည်မှန်းချက်ကြီးကြီးထားနေပုံပါပဲ။ ရာသီကြိုကာလခြေစွမ်းက တိုက်စစ်လိုအပ်ချက်တွေရှိနေပေမယ့် ခံစစ်ကစားပုံ တိုးတက်လာတယ်။ အီကာဒီ ဂိုးရဖို့ခက်ခဲနေချိန်မှာ အစားဝင်မယ့် ပိုလီတာနိုလိုကစားသမားမျိုးရှိနေတယ်။ ဆာဆူအိုလို တစ်မှတ် မျှော်လင့်ခွင့်ရှိပေမယ့် အင်တာမီလန် ကပ်နိုင်ဖို့များပါတယ်။

Most Read

Most Recent