<

ရောမမြေမှာ လာဇီယိုကို အနိုင်ယူခဲ့တဲ့ နာပိုလီ

Photo: SSC Napoli Twitter

■ လာဇီယို ၁-၂ နာပိုလီ

အီတလီစီးရီးအေပွဲစဉ် (၁)ရဲ့ စိတ်ဝင်စားစရာအကောင်းဆုံး ပွဲစဉ်လို့ဆိုရမယ့် လာဇီယိုနဲ့ နာပိုလီတို့ရဲ့ ပွဲစဉ်မှာတော့ နာပိုလီအသင်းက (၂-၁) ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

နာပိုလီအသင်းရဲ့ နည်းပြသစ်အန်ဆယ်လော့တီအတွက် စီးရီးအေတစ်ကျော့ပြန်ခရီးဟာ အဖွင့်လှခဲ့တယ်လို့ဆိုရမှာဖြစ်ပြီး နောက်ကလိုက်ကစားခဲ့ရပေမယ့် အနိုင်ရခဲ့တာကြောင့် ပိုပြီးကျေနပ်စရာဖြစ်ခဲ့ပါတယ်။

ဂျော်ဂျင်ဟိုအလွန်မှာ နာပိုလီအသင်းရဲ့ကွင်းလယ်ပိုင်းဟာ အယ်လန်၊ ဟမ်ဆစ်၊ ဇီလင်စကီးတို့နဲ့ စုဖွဲ့ခဲ့ပြီး ကျေနပ်စရာပုံစံ ကောင်းကိုပြသနိုင်ခဲ့သလို၊ လာဇီယိုအသင်းကလည်း ဖီလစ်ပီအန်ဒါဆန်၊ ဒီဗရိုင်းတို့လို အဓိကကစားသမားတွေထွက်ခွာသွားခဲ့ပေမယ့် နည်းပြအင်ဇာဂီဟာ ကြီးကြီးမားမားဟန်ချက်မပျက်ယွင်းအောင်ထိန်းနိုင်ခဲ့ပါတယ်။

အဖွင့်ဂိုးကို လာဇီယိုအသင်းက ရရှိခဲ့တာဖြစ်ပြီး ပွဲချိန် (၂၅)မိနစ်မှာ ပြီးခဲ့တဲ့ရာသီ စီးရီးအေရွှေဖိနပ်ဆုရှင်  အီမိုဘီလီက နာပိုလီနောက်ခံလူတွေကို လှလှပပကျော်ဖြတ်ပြီး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒီဂိုးကြောင့် အီမိုဘီလီဟာ လာဇီယိုအသင်းအတွက် (၃)ရာသီဆက်တိုက် စီးရီးအေအဖွင့်ဂိုးသွင်းသူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဂိုးပေးလိုက်ရပြီးနောက် နာပိုလီတို့ပိုပြီးဖိဖိစီးစီးကစားခဲ့လို့ အခွင့်အရေးတွေရလာခဲ့ပြီး ချေပဂိုးကိုတော့ ပွဲချိန်ပထမပိုင်းနာကျင်အချိန်ပိုမှာ ကယ်လီဟွန်ရဲ့ပေးပို့မှုကနေ မီလစ်ခ်က သွင်းယူခဲ့တာပါ။

(၁-၁)ဂိုးနဲ့ ပထမပိုင်းပြီးခဲ့ပြီး၊ ဒုတိယပိုင်းမှာတော့ နှစ်သင်းစလုံး အနိုင်ရလဒ်အတွက် ကြိုးစားခဲ့ကြတာကြောင့် ပွဲဟာ ကြည့်ကောင်းခဲ့ပါတယ်။ လာဇီယိုဘက်က တိုက်စစ်မှူး အီမိုဘီလီကြောင့် နာပိုလီတို့ အခက်တွေ့ခဲ့ရသလို အင်ဆစ်ဂနီ၊ မီလစ်ခ်၊ ကယ်လီဟွန်တို့ရဲ့ တိုက်စစ်ကိုလည်း လာဇီယိုနောက်တန်းက ခက်ခက်ခဲခဲ ထိန်းချုပ်ခဲ့ရပါတယ်။

နာပိုလီအသင်းအတွက် အနိုင်ဂိုးကိုတော့ ပွဲချိန် (၅၉)မိနစ်မှာ အယ်လန်ရဲ့ပေးပို့မှုကနေ အင်ဆစ်ဂနီက ဧရိယာအတွင်းကနေ လှလှပပကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ လက်ကျန်မိနစ်တွေမှာ လာဇီယိုတို့ ချေပဂိုးအတွက်ကြိုးစားခဲ့ပေမယ့် နာပိုလီအသင်းရဲ့ခံစစ်ကြောင်းကို မကျော်နိုင်ခဲ့တာကြောင့် အိမ်ကွင်းမှာပဲ အရှုံးပေးခဲ့ရတာပါ။

■ ယနေ့ ယှဉ်ပြိုင်သည့် ပွဲစဉ် ရလဒ်များ

ပရီးမီးယားလိဂ် ပွဲစဉ် (၂)
—————————
ကာဒစ်ဖ် ၀-၀ နယူးကာဆယ်
အဲဗာတန် ၂-၁ ဆောက်သမ်တန်
လက်စတာ ၂-၀ ဝုလ်ဗ်
စပါး ၃-၁ ဖူလ်ဟမ်
ဝက်စ်ဟမ်း ၁-၂ ဘုန်းမောက်
ချယ်လ်ဆီး ၃-၂ အာဆင်နယ်

လာလီဂါ ပွဲစဉ် (၁)
——————–
ဟီရိုနာ ၀-၀ ဗယ်လာဒိုလစ်
ဘက်တစ် ၀-၃ လီဗန်တေး
ဆယ်လ်တာဗီဂို ၁-၁ အက်စ်ပန်ညို
ဗီလာရီးယဲလ် ၁-၂ ဆိုစီဒက်

စီးရီးအေ ပွဲစဉ် (၁)
——————–
ချီယေဗို ၂-၃ ဂျူဗင်တပ်စ်
လာဇီယို ၁-၂ နာပိုလီ

ဂျာမန်ဖလား (ပထမအဆင့်)
——————————
လင့်ဇ် ၁-၂ နုရင်ဘတ်
ရိုဒင်းဟော်ဆန် ၃-၂ ဒီနာမိုဒရီးစ်ဒန်
(မိနစ် ၂-၂၊ အချိန်ပိုတွင် ရိုဒင်းဟော်ဆန်နိုင်)
အဲဗတ်စဘတ် ၀-၁ ဝုလ်ဖ်ဘတ်
ဒက်ဆန်ဒေါ့ဖ် ၀-၁ ဒုစ်ဘတ်
ဗော်မာတီယာဗွန်းစ် ၁-၆ ဝါဒါဘရီမင်
ဒရော့တာဆန် ၀-၁ ဘိုင်ယန်မြူးနစ်
ကိုင်ဇာစလော့တန် ၁-၆ ဟော်ဖန်ဟင်မ်
ဖော့ဇိုင်း ၀-၁ လေဗာကူဆင်
SSV အူလ် ၂-၁ ဖရန့်ဖတ်
အန်တယ်ဘရွတ်ခ် ၃-၅ ဟမ်းဘတ်
အိုဘာဟော်ဆန် ၀-၆ ဆန်းထောင်ဆန်
အက်ဇီဘက်အော ၁-၃ မိန့်ဇ်
ဟန်ဆာရော့စတော့ ၂-၀ စတုဂတ်

လီဂူး ပွဲစဉ် (၂)
—————–
ဂူအင်ဂမ့် ၁-၃ PSG
အာမီယန်စ် ၁-၂ မောင့်ပယ်လီယာ
ကိန်း ၁-၁ နိုက်စ်
ဒီယွန်း ၂-၀ နန့်စ်
မိုနာကို ၀-၀ လိုင်လီ
ရန်းစ် ၁-၀ အန်ဂါစ်

လိဂ်ချန်ပီယံရှစ် ပွဲစဉ် (၃)
—————————-
ဘာမင်ဂမ် ၀-၀ ဆွမ်ဆီး
ဘရစ္စတိုးလ်စီးတီး ၀-၂ မစ်ဒယ်ဘရော့
ဟားလ်စီးတီး ၀-၁ ဘလက်ဘန်း
အစ်ဝစ်ခ်ျ ၁-၁ အက်စတွန်ဗီလာ
လိဒ်စ် ၂-၀ ရော့သာဟမ်
မီဝေါလ် ၂-၁ ဒါဘီ
ရက်ဒင်း ၀-၁ ဘော်လ်တန်
ရှက်ဖီးယူနိုက်တက် ၂-၁ နောဝစ်ခ်ျ
ဝက်စ်ဘရွန်း ၇-၁ QPR
ဝီဂန် ၂-၂ နော်တင်ဟမ်
ပရက်စတန် ၂-၂ စတုတ်စီးတီး

 

August 19, 2018














Copy Protected by Chetan's WP-Copyprotect.