စပိန်လာလီဂါပွဲစဉ် (၁) ပွဲကြိုသုံးသပ်ချက်

စပိန်လာလီဂါပွဲစဉ် (၁) ပွဲကြိုသုံးသပ်ချက်
Published 18 August 2018

■ ဆယ်လ်တာဗီဂို နှင့် အက်စ်ပန်ညို (စနေည ၁၀း၄၅ နာရီ)

ဒီနှစ်သင်းက နည်းပြသစ်တွေနဲ့ ရာသီသစ်ကိုစရတော့မယ်။ နှစ်သင်းစလုံးရဲ့ နည်းပြသစ်တွေကလည်း လာလီဂါနဲ့ နည်းနည်းစိမ်းနေကြသေးသူတွေဖြစ်လို့ ဒီနှစ်သင်းရဲ့ အဖွင့်ပွဲ အနေအထားက ခန့်မှန်းရသိပ်မလွယ်သေးဘူးဖြစ်နေတယ်။ ဆယ်လ်တာဗီဂိုက အိမ်ကွင်းအားနဲ့ကစားတတ်တာကြောင့် အိမ်ရှင်နဲ့ ဂိုးအများကိုပဲရွေးထားကြည့်ချင်တယ်။

 

■ ဗီလာရီးယဲလ် နှင့် ဆိုစီဒက် (တနင်္ဂနွေနံနက် ၀၀း၄၅ နာရီ)

ဗီလာရီးယဲလ် အပြောင်းအလဲသိပ်မရှိပေမယ့် ဆိုစီဒက်ကတော့ နည်းပြသစ်နဲ့ရာသီသစ်ကိုစတင်မှာပါ။ ဗီလာရီးယဲလ်က အရင်ကတည်းက အိမ်ကွင်းအမှားအယွင်းနည်းအောင် ကစားတဲ့အသင်းပါ။ ဗီလာရီးယဲလ်နဲ့ ဂိုးအနည်းပဲကြိုက်တယ်။

 

■ ဘာစီလိုနာ နှင့် အလာဗက်စ် (တနင်္ဂနွေနံနက် ၀၂း၄၅ နာရီ)

ဒီရာသီလာလီဂါမှာ ပြင်ဆင်အားဖြည့်မှုကောင်းကောင်းလုပ်ထားနိုင်တဲ့ ဘာစီလိုနာအတွက် သိပ်မခက်ခဲနိုင်တဲ့ပွဲမျိုးပါပဲ။ နောက်ဆုံးတွေ့ခဲ့တဲ့ (၄)ကြိမ်စလုံးကိုလည်း ဘာစီလိုနာပဲ အနိုင်ရထားလို့ အလာဗတ်စ်အတွက် ဂိုးပြတ်မရှုံးဖို့ကိုဘဲ အား ပြုကစားရမယ့်ပွဲလို့ထင်တယ်။ ရာသီအစ အရှိန်သိပ်မရနိုင်သေးလို့ ဘာစီလိုနာနဲ့ ဂိုးအနည်းပဲ ရွေးထားကြည့်ချင်တယ်။

Photos : AFP & thethao 247

Most Read

Most Recent