အီတလီစီးရီးအေပွဲစဉ် (၁) ပွဲကြိုသုံးသပ်ချက်

အီတလီစီးရီးအေပွဲစဉ် (၁) ပွဲကြိုသုံးသပ်ချက်
Published 18 August 2018

■ ချီယေဗို နှင့် ဂျူဗင်တပ်စ် (စနေည ၁၀း၃၀ နာရီ)

ဂျူဗင်တပ်စ်အသင်းပရိသတ်တွေအတွက် စိတ်လှုပ်ရှားစရာပွဲမျိုး၊ အနိုင်အရှုံးရလဒ်ထက် စီရော်နယ်လ်ဒို ဂိုးသွင်းနိုင်မလားဆိုတာကို ပိုပြီးရင်ခုန်နေကြမယ်ထင်ပါတယ်။ ချီယေဗိုအသင်းရဲ့ ဖွဲ့စည်းပုံက ဂျူဗင်တပ်စ်ကို ယှဉ်နိုင်စရာမရှိပါဘူး။ ဒါပေမဲ့ အဖွင့်ပွဲဖြစ်နေတယ်။ အိမ်ကွင်းမှာ တစ်မှတ်တန်အောင်ပွဲကို ချီယေဗို မျှော်လင့်နေလိမ့်မယ်။ ဂျူဗင်တပ်စ် (၂)ဂိုးထက် ပိုမပြတ်နိုင်ဘူး။

 

■ လာဇီယို နှင့် နာပိုလီ (တနင်္ဂနွေနံနက် ၁း၀၀ နာရီ)

အီမိုဘီလီ၊ မီလင်ကိုဗစ်တို့နှစ်ဦးက ရာသီသစ်မှာလည်း လာဇီယိုတိုက်စစ်အသက်သွေးကြောဖြစ်နေပါဦးမယ်။ မီလင်ကိုဗစ်က အပြောင်းအရွှေ့သတင်းတွေအကြား မတည်မငြိမ်ဖြစ်ခဲ့ပေမယ့် သူ့ရဲ့ ပင်ကိုယ်ကစားဟန်ကို သက်ရောက်မှုရှိမယ်မထင်ဘူး။ အီမိုဘီလီကလည်း သွင်းဂိုးတွေအတွက် အဆင်သင့်ဖြစ်ထားဦးမယ်ထင်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ပြိုင်ပွဲစုံ (၄၁)ဂိုးသွင်းယူနိုင်ခဲ့တဲ့ သွင်းဂိုးမှတ်တမ်းမျိုးကို အီမိုဘီလီ မျှော်လင့်နေဦးမယ်။ ဒါပေမဲ့ အဓိကနောက်ခံလူ ဒီဗရိုင်းမရှိတော့လို့ လာဇီယိုခံစစ် အားနည်းသွားနိုင်တယ်။ ရာသီကြိုကာလမှာလည်း လာဇီယိုအသင်းက ကွင်းလယ်နဲ့ တိုက်စစ်လမ်းကြောင်း ဖန်တီးတာတွေ မဆိုးပေမယ့် ခံစစ်က ဟာကွက်တွေရှိနေတယ်။ နည်းပြ အန်ဆယ်လော့တီလက်ထက် နာပိုလီအသင်းကလည်း လိုအပ်ချက်တွေ ရှိနေသေးတယ်။ ဟမ်ဆစ်က အရင်လိုဘယ်တောင်ပံမှာ မဟုတ်ဘဲ Deep-lying Playmaker ပုံစံမျိုးကစားနေရပြီး အသားမကျသေးတာ တွေ့ရတယ်။ ဟမ်ဆစ်ရဲ့ နဂိုဘယ်တောင်ပံနေရာမှာ ဘိုလော့ဂ်နာက ခေါ်ယူထားတဲ့ ဆီမြွန်နီဗာဒီက အစားဝင်ရောက်နိုင်မယ်ဆိုရင် နာပိုလီတိုက်စစ်လမ်းကြောင်းတွေ ကောင်းလိမ့်မယ်။ နာပိုလီ အမှတ်ရနိုင်တယ်။

 

Photos : fantacalcio & AFP

Most Read

Most Recent