ပရီးမီးယားလိဂ်ပွဲစဉ်(၂) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ်(၂) ပွဲကြိုသုံးသပ်ချက်
Published 18 August 2018

■ ကာဒစ်ဖ် နှင့် နယူးကာဆယ် (စနေညနေ ၆း၀၀ နာရီ)

ကာဒစ်ဖ်က တော်တော်လေးအားနည်းပါတယ်။ ပရီးမီးယားလိဂ်မှာ ဆက်ရှိဖို့အတွက်တောင် ရုန်းကန်ရမယ့် အနေအထားရှိတယ်။ နယူးကာဆယ်က ဟိုဆေးလူကို တိုက်စစ်မှူးအဖြစ် တင်ထားရင် ကစားပုံလေးနေဦးမှာပဲ။ ရွန်ဒွန်ကစားရင် ပိုကောင်းလိမ့်မယ်။
ကန်နေဒီ၊ ရစ်ချီတို့က အားကောင်းတဲ့ တောင်ပံတိုက်စစ်တွေဖြစ်ပြီး ကာဒစ်ဖ်ကို ထိုးနှက်နိုင်လိမ့်မယ်။ နယူးကာဆယ်ကိုကြိုက်တယ်။

 

■ အဲဗာတန် နှင့် ဆောက်သမ်တန် (စနေည ၈း၃၀ နာရီ)

ဆာက်သမ်တန်က အဖွင့်ပွဲစဉ်မှာ ဂိုးမသွင်းနိုင်ခဲ့တဲ့အသင်းတွေထဲက တစ်သင်းဖြစ်ပြီး တောင့်တင်းတဲ့အနေအထားမျိုးလည်း မတွေ့ရဘူး။ အဲဗာတန်မှာ ရစ်ချာလီဆန်ကစားနိုင်ဖို့ မသေချာရင်တောင် ပြဿနာမရှိပါဘူး။ ဝုလ်ဗ်နဲ့ပွဲမှာ ကစားခဲ့တဲ့ အဲဗာတန်ရဲ့ ခြေစွမ်းက အားရစရာကောင်းသလို တိုက်စစ်နဲ့ကွင်းလယ်ကလည်း အားကောင်းတာ တွေ့ရတယ်။ အဲဗာတန်နိုင်ပွဲရလိမ့်မယ်။

■ လက်စတာ နှင့် ဝုလ်ဗ် (စနေည ၈း၃၀ နာရီ)

လက်စတာက မန်ယူကို အဝေးကွင်းမှာ ကပ်ရှုံးခဲ့လို့ မဆိုးဘူးလို့ ပြောနိုင်ပေမယ့် ကံဖေးကူလို့ ရခဲ့တဲ့ ဂိုးကလွဲရင် လက်စတာတိုက်စစ်မှာ လုံလောက်တဲ့ထက်မြက်မှုမရှိတာတွေ့ရတယ်။ ဗာဒီက အဖွင့်ပွဲတုန်းက အရန်ခုံကနေ ထလာခဲ့ပြီး ဒီပွဲမှာ ပွဲထွက်ကစားသမားအဖြစ်ကစားနိုင်တယ်။ ဒါပေမဲ့ တိုက်စစ်က ထွေထွေထူးထူးတက်လာဖို့မရှိပါဘူး။ ဝုလ်ဗ်ကကွင်းလယ်ကောင်းပြီး တိုက်စစ်လည်းမဆိုးဘူး။ သရေတော့ခံကစားနိုင်တယ်။

■ စပါး နှင့် ဖူလ်ဟမ် (စနေည ၈း၃၀ နာရီ)

ဖူလ်ဟမ်က ကစားသမားကောင်းတွေအများကြီး ခေါ်ထားပေမယ့် အထိုင်မငြိမ်သေးတာကို တွေ့ရတယ်။ ခံစစ်ကစားသမားတွေက အမှားများလွန်းသလို၊ အလွယ်တကူ ပေါက်ထွက်နေတာကိုလည်းတွေ့ရတယ်။ စပါးက အဖွင့်ပွဲစဉ်မှာ အကောင်းဆုံးပုံစံကိုမပြနိုင်ခဲ့ ဘူးလို့ ပြောလို့ရပေမယ့် ဒီပွဲမှာ ခြားနားတဲ့ ပုံစံနဲ့ မြင်တွေ့ရလိမ့်မယ်ထင်တယ်။ စပါးဂိုးပြတ် နိုင်လိမ့်မယ်။

■ ဝက်စ်ဟမ်း နှင့် ဘုန်းမောက် (စနေည ၈း၃၀ နာရီ)

ဝက်စ်ဟမ်းက ပိုကောင်းလာနိုင်ပါတယ်။ တောင့်တင်းတဲ့ လူစာရင်းလည်းရှိတယ်။ ဒါပေမဲ့ အထိုင်ချက်ချင်းကျဖို့ မလွယ်သလို၊ အလှည့်အပြောင်းတစ်ခုနဲ့ အရှိန်တက်လာဖို့လိုသေးတယ်လို့ ယူဆရတယ်။ ဘုန်းမောက်နဲ့ အက်ဒီဟောင်းက အထိုင်ကျပြီးသားအ တွဲအဖက်ဖြစ်ပြီး အဖွင့်ပွဲမှာလည်း အားရစရာခြေစွမ်းကို မြင်တွေ့ခဲ့ရတယ်။ ဝက်စ်ဟမ်းကွင်းဖြစ်ပေမယ့် ဘုန်းမောက် ရှုံးမယ်မထင်ဘူး။

 

■ ချယ်လ်ဆီး နှင့် အာဆင်နယ် (စနေည ၁၁း၀၀ နာရီ)

ချယ်လ်ဆီးက နည်းပြသစ်နဲ့ ပွဲထွက်လာခဲ့တယ်။ ချယ်လ်ဆီးအသင်းရဲ့ ကစားဟန်ကလည်း ခြားနားလာတာကိုတွေ့ရ တယ်။ အမြင်သစ်နဲ့ မြင်နေရပြီး ဒီပွဲမှာ ဟာဇက် ပွဲစကတည်းက ကစားမယ်ဆိုရင် ပိုကောင်းလာမယ့် ပုံစံကိုတွေ့ရတယ်။ ကွန်တေက အဖွင့်ပွဲတုန်းက Box to Box အနေနဲ့ ကစားခဲ့ပြီး သူကစားနေကျ Holding Role ကို ဂျော်ဂျင်ဟိုက ယူလိုက်တယ်။ ဒါပေမဲ့ ကွန်တေက နေရာသစ်မှာလည်း အဆင်ပြေနေတဲ့ ပုံစံကိုတွေ့ရတယ်။ ဒီပွဲမှာ ဖာဘရီဂတ်စ် (သို့မဟုတ်) ကိုဗာချစ်သာ ကွင်းလယ်မှာ ပါလာရင် ချယ်လ်ဆီးပိုကောင်းလာနိုင်တယ်။ အာဆင်နယ်ရဲ့ ပြဿနာက ခံစစ်မှာ ဖြစ်နေတယ်။ ခံစစ်ကစားသ မားအများကြီးခေါ်ထားပေမယ့် အထိုင်မကျသေးသလို၊ မူစတာဖီက တစ်ဦးချင်းထိန်းချုပ်မှုအပိုင်းမှာ ပြဿနာရှိတယ်။ မလိုလား အပ်တဲ့ Foul Play တွေတွေ့ရတယ်။ ဘယ်ခြမ်းခံစစ်က အဆိုးဆုံးပဲ။ ဒီပွဲမှာ ဟာဇက် ပွဲစကတည်းကပါလာရင် ဝီလီယံနဲ့ တွဲ သည်ဖြစ်စေ၊ ပတ်ဒရိုနဲ့တွဲသည်ဖြစ်စေ၊ နှစ်ဦးစလုံးနဲ့ တွဲပြီး မိုရာတာနေရာမှာ ဝင်ကစားသည်ဖြစ်စေ အာဆင်နယ်ခံစစ်ကို ဒုက္ခ ပေးနိုင်လိမ့်မယ်လို့ ယူဆရတယ်။ မနှစ်က ဒီနှစ်သင်းတွေ့ဆုံမှုတွေမှာ သရေနဲ့အဆုံးသတ်ခဲ့ပြီး ခြေစွမ်းပိုင်းအရ အာဆင်နယ်က ပိုကောင်းခဲ့တယ်။ ဒါပေမဲ့ ဝင်းဂါးကို အရေးနိမ့်လေ့ရှိတဲ့ ကွန်တီဆိုတဲ့ပုံပြင်က ပြီးဆုံးသွားပါပြီ။ ချယ်လ်ဆီးပဲနိုင်မယ်။

Photos : pinterest & afp

Most Read

Most Recent