<

အမေရိကန်နှင့် ကနေဒါ၌ လာလီဂါပွဲ သွားရောက်ကျင်းပမည်ဖြစ်သော်လည်း El Clasico မပါဝင်

ပုံစာ – ရီးယဲလ်မက်ဒရစ် နှင့် ဘာစီလိုနာအသင်းတို့ အမေရိကတွင်ကစားခဲ့သည့် ၂၀၁၇ ICC ပွဲစဉ်(Photo: AFP)

လာလီဂါနှင့် ဆီဂန်ဒါ (ဒုတိယတန်း) ပြိုင်ပွဲများ ကျင်းပနေသည့် အမျိုးသားပရော် ဖက်ရှင်နယ်ဘောလုံးလိဂ်(LFP)သည် အမေ ရိကန်အခြေစိုက် Relevent မီဒီယာကုမ္ပဏီ နှင့်ပူးပေါင်း၍ လာလီဂါမြောက်အမေရိက အဖွဲ့ ဖွဲ့စည်းတည်ထောင်ရန် ဆွေးနွေးလျက် ရှိပြီး Relevent Sports သည် ရာသီကြို International Champions Cup  ပြိုင်ပွဲများ ဦးဆောင်ကျင်းပနေသည့်ကုမ္ပဏီ လည်းဖြစ်သည်။

LFP နှင့် Relevent သည် မိတ်ဖက်အဖွဲ့အစည်းအဖြစ် ၁၅ နှစ်ကြာ လက်တွဲရန် သဘောတူညီမှုရထားပြီး လာလီဂါပြိုင်ပွဲအား မြောက်အမေရိက၌သွားရောက်  ကျင်းပမည့်အချက်မှာလည်း တစ်ချက်အပါ အ၀င်ဖြစ်သည်။

လာလီဂါပြိုင်ပွဲအား အမေရိကန်နှင့် ကနေဒါနိုင်ငံ၌ သွားရောက်ကျင်းပမည်ဟု ကြေညာထားသော်လည်း မည်သည့် အသင်း၊ မည်သည့်ပွဲစဉ်၊ မည်သည့်ရက်နှင့် မည်သည့်ရာသီတွင် ကျင်းပမည်ဖြစ်ကြောင်း အတည်မပြုနိုင်သေးဘဲ ယခုရာသီတွင်လည်း ကျင်းပနိုင်ဖွယ်ရှိကြောင်း မီဒီယာများက ခန့် မှန်းဖော်ပြလျက်ရှိသည်။

LFP  ဥက္ကဋ္ဌ ဟာဗီယာတီဘက်စ်ကမူ ပြည်ပ၌ သွားရောက် ကျင်းပမည့်ပွဲများတွင် El Clasico ပွဲစဉ်မပါ ၀င်ကြောင်း အတည်ပြုပြောကြားထားသည်။

”ဘောလုံးအားကစားအပေါ် ကမ္ဘာတစ်ဝန်းလုံးက စိတ်အားထက်သန်မှု ပိုပြီးပြင်းပြလာ စေဖို့ ကျွန်တော်တို့ ကြိုးစားနေတာပါ။ ဒါက အမေရိကန်နဲ့ ကနေဒါမှာ ဘောလုံးပွဲတွေကို လူကြိုက်များလာစေဖို့ တွန်းအားတစ်ရပ်ဖြစ် လာစေမှာပါ”ဟု တီဘက်စ်က ဆက်လက် ပြောကြားသည်။

Relevent ကုမ္ပဏီဥက္ကဋ္ဌနှင့် ပိုင်ရှင်ဖြစ် သူ စတီဖင်ရော့စ်ကလည်း ”ဒီလိုထူးခြားတဲ့ ပူးပေါင်းလုပ်ဆောင်မှုက မြောက်အမေရိက မှာ ဘောလုံးအားကစားကို လူကြိုက်များလာ စေဖို့ ကြီးမားတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်။ ဒီသဘောတူညီမှုက မြောက်အမေရိကမှာရှိ တဲ့ ပရိသတ်သန်းပေါင်းများစွာကို ကမ္ဘာ့ ဘောလုံးလောကရဲ့ အမြင့်ဆုံးယှဉ်ပြိုင်မှု၊ စိတ်လှုပ်ရှားမှု၊ စိတ်အားထက်သန်မှု စတဲ့ အချက်တွေ ခံစားခွင့်ရစေမှာပါ”ဟု သုံးသပ် ပြောကြားသည်။

သို့သော် စပိန်ဘောလုံးသမားများအဖွဲ့ (ASE) ကမူ ယင်းအစီအစဉ်အား ပြင်းထန် စွာကန့်ကွက်ပြီး ဥက္ကဋ္ဌ အာဂန်ဇိုက ”ဘာလုံးသမားတွေဟာ စီးပွားရေးအကျိုးအမြတ်ရစေ ဖို့ အသုံးချရမယ့် ငွေကြေးစနစ်မဟုတ်ပါဘူး”ဟု ပြောကြားသည်။

 

August 18, 2018














Copy Protected by Chetan's WP-Copyprotect.