စနေနေ့ မနက်အစောပိုင်းတွင် ယှဉ်ပြိုင်ကစားကြမည့် လာလီဂါပွဲစဉ်(၁) နှင့် ပြင်သစ်လီဂူး-၁ ပွဲစဉ် (၂) ပွဲကြိုသုံးသပ်ချက်

စနေနေ့ မနက်အစောပိုင်းတွင် ယှဉ်ပြိုင်ကစားကြမည့် လာလီဂါပွဲစဉ်(၁) နှင့် ပြင်သစ်လီဂူး-၁ ပွဲစဉ် (၂) ပွဲကြိုသုံးသပ်ချက်
Published 17 August 2018

Photo: Getty Images

ဟီရိုနာ VS ဗယ်လာဒိုလစ် (Sat 00:45 am)

ဗယ်လာဒိုလစ်ကတော့ (၄)နှစ်ကြာဝေးကွာနေတဲ့ လာလီဂါကို ဒီရာသီမှပြန်ရောက်လာတဲ့အသင်းပဲဖြစ်ပါတယ်။ လာလီဂါမှာ ဆက်ရှိဖို့ကြိုးစားရမယ့်အသင်းမျိုးဖြစ်ပြီး လက်ရှိအသင်း ကအပြောင်းအလဲသိပ်မရှိပါဘူး။ ဒီပုံမျိုးနဲ့တော့ အိမ်ရှင်ဟီရိုနာ ကိုယှဉ်နိုင်ဖို့မရှိပါဘူး။ ဟီရိုနာနဲ့ ဂိုးအများပဲကြိုက်တယ်။

ဘက်တစ် VS လီဗန်တေး (Sat 02:45 am)

နှစ်သင်းစလုံးထူးထူးခြားခြား အပြောင်းအလဲမျိုးမရှိပါဘူး။ ဒီနှစ်သင်းမှာ ယူရိုပါလိဂ်ယှဉ်ပြိုင်ရမယ့် ဘက်တစ်ကတော့ ပြင်ဆင်မှုတွေပိုလုပ်ထားဖို့ရှိနေပြီး၊ လီဗန်တေးကတော့ရာသီအစ အဝေးကွင်းအထနှေးတဲ့ အစဉ်အလာရှိလို့ ဘက်တစ်ကိုပဲရွေး ရမယ့်ပွဲပါ။ ဂိုးတော့နည်းမယ်။

Reims VS လိုင်ယွန် (Sat 1:15 am)

လိုင်ယွန်မှာ ဖယ်ကီယာပြန်ပါလာဖို့ ရှိသလို ဒီပိုင်းလည်း ခြေစွမ်းပြနေပေမယ့် Reims က ခံကန်အားကောင်းတဲ့အသင်း ဖြစ်လို့ အဝေးကွင်းမှာ လိုင်ယွန် ခက်ခက်ခဲခဲ ကစားရလိမ့်မယ်။

Most Read

Most Recent