အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံး အုပ်စုပွဲ အကြိုသုံးသပ်ချက်

အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံး အုပ်စုပွဲ အကြိုသုံးသပ်ချက်
Published 17 August 2018

မြန်မာယူ-၂၃ အသင်း ပဏာမလူစာရင်းတွင်ပါဝင်နေသည့် အောင်သူနှင့် မောင်မောင်လွင်အား ၂၀၁၇ ခုနှစ် မလေးရှားဆီးဂိမ်းစ်ပြိုင်ပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ-ညီညီစိုးညွန့်)

၂၀၁၈ အာရှအားကစားပြိုင်ပွဲ အုပ်စု (F) ဒုတိယနေ့ကို သြဂုတ် ၁၇ ရက် (ယနေ့) ဆက်လက်ကျင်းပမှာဖြစ်ပါတယ်။ ဒီအုပ်စုရဲ့ ပထမပွဲမှာ လေးသင်းစလုံး သရေကျထားတာကြောင့် နောက်တစ်ဆင့်တက်ဖို့ လက်ကျန်ပွဲတိုင်းက အရေးကြီးနေပါတယ်။

ဆော်ဒီအာရေဗျဆီက အမှတ်မျှော်လင့်နိုင်တဲ့ မြန်မာ

■ မြန်မာ နှင့် ဆော်ဒီအာရေဗျ

(၁၇-၈-၂၀၁၈၊ မြန်မာစံတော်ချိန် ညနေ ၆း၃၀ နာရီ)

မြန်မာအသင်းရဲ့ခြေစွမ်းကို မြောက်ကိုရီးယားနဲ့ ပထမပွဲမှာ တွေ့မြင်ပြီးဖြစ်ပါတယ်။ မြန်မာအသင်းဟာ နည်းပြသစ် အန်တွမ်နီဟေးလက်ထက်မှာ ခြေစွမ်းပိုင်း သိသိသာသာ တိုးတက်လာပြီး အသင်းကြီးတွေကို ယှဉ်ကစားနိုင်တဲ့ အနေအထားမျိုးရှိပါတယ်။ မြန်မာအသင်းဟာ အုပ်စုမှာ အသင်းကြီးတွေနဲ့ တွေ့ဆုံနေတာကြောင့် တိုက်စစ်ဖွင့်ကစားလို့မဖြစ်ဘဲ ခံစစ်ကိုလုံအောင်လုပ်ပြီးမှ တန်ပြန်တိုက်စစ်နဲ့ကစားရမှာဖြစ်ပါတယ်။ မြန်မာအသင်းအနေနဲ့ မြောက်ကိုရီးယားအသင်းနဲ့ပွဲကလို ကစားနိုင်ရင် အခြေအနေကောင်းနိုင်ပါတယ်။ အာရှအားကစားပြိုင်ပွဲမှာ ပထမဆုံးတွေ့ဆုံမယ့် အသင်းနှစ်သင်းရဲ့ ယှဉ်ပြိုင်မှုက စိတ်ဝင်စားဖို့ကောင်းပါတယ်။ မြန်မာအသင်းအနေနဲ့ ပထမပွဲက လူစာရင်းကို အပြောင်းအလဲ ကြီးကြီးမားမားလုပ်ဖို့မရှိဘဲ အဲဒီခြေစွမ်းအတိုင်း ကစားနိုင်ရင် အမှတ်မျှော်လင့်လို့ရပါတယ်။

 

■ အီရန် နှင့် မြောက်ကိုရီးယား

(၁၇-၈-၂၀၁၈၊ မြန်မာစံတော်ချိန် ညနေ ၃း၃၀ နာရီ)

နောက်တစ်ဆင့်တက်ဖို့ ဒီပွဲက အရေးပါပါတယ်။ အီရန်အသင်းအနေနဲ့ ပထမပွဲမှာ ဂိုးသွင်းခွင့်ပိုရပေမဲ့ အဆုံးသတ်မသေချာတာကြောင့် နိုင်ပွဲပျောက်ဆုံးခဲ့ရတာဖြစ်ပါတယ်။ မြောက်ကိုရီးယားအသင်းကတော့ မြန်မာအသင်းထက် ခြေစွမ်းအသာရပေမဲ့ ဂိုးသမား ကျော်ဇင်ထက်ရဲ့ လက်စွမ်းပြမှုကြောင့် သရေနဲ့ကျေနပ်ခဲ့ရတာပါ။ လက်ရှိခြေစွမ်းအရ အီရန်အသင်း အနည်းငယ်ပိုသာပြီး အမှတ်ပြည့်ရနိုင်ပါတယ်။

Most Recent