ပရီးမီးယားလိဂ်တွင် စံချိန်သစ်တစ်ခု မိုရာတာ စိုက်ထူ

ပရီးမီးယားလိဂ်တွင် စံချိန်သစ်တစ်ခု မိုရာတာ စိုက်ထူ
Published 28 August 2017

ချယ်လ်ဆီးအသင်းတိုက်စစ် မှူး မိုရာတာသည် ပရီးမီးယားလိဂ် ပြိင်ပွဲသမိုင်းတစ်လျှောက်
မည်သည့်ကစားသမားမျှ မစွမ်းဆောင်နိုင်သည့် စံချိန်ကို ရရှိခဲ့ကြောင်းသိရသည်။
မိုရာတာသည် ပြီးခဲ့သည့်တနင်္ဂနွေနေ့က ကစားခဲ့သော အဲဗာတန် အသင်းကို (၂-ဝ)ဂိုးဖြင့်
အနိုင်ရခဲ့သည့်ပွဲတွင် အဖွင့်ဂိုးအား ဖာဘရီ ဂတ်စ် သွင်းယူနိုင်အောင် ဖန်တီးပေးခဲ့ပြီး
ကိုယ်တိုင်လည်း တစ်ဂိုးသွင်း ယူခဲ့သည်။ မိုရာတာသည် ပရီးမီးယားလိဂ်အဖွင့်ပွဲအဖြစ်
အိမ်ကွင်း၌ ဘန်လေနှင့် ကစားခဲ့သောပွဲတွင် ချေပဂိုးတစ်ဂိုးသွင်းယူခဲ့သလို
ဒေးဗစ်လူးဝစ်ဇ် ဂိုးသွင်းနိုင်အောင် ဖန်တီးပေးခဲ့သည်။ သို့ဖြစ်ရာ မိုရာတာသည် ပရီးမီးယားလိဂ်တွင်
အိမ်ကွင်း(၂)ပွဲဆက် ကိုယ်တိုင်ဂိုးသွင်း၊ ဂိုးဖန်တီးမှု ပြုလုပ်ခဲ့သည့်
ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ် ကြောင်းသိရသည်။ ယခုနွေရာသီတွင်
ချယ်လ်ဆီးအသင်းသို့ ကလပ်စံချိန်တင်ပြောင်း ရွှေ့ကြေး ပေါင်သန်း(၇၀)ဖြင့်
ပြောင်းရွှေ့ခဲ့သူမိုရာတာသည် ယခုရာသီ၌ အသင်းအတွက် (၁၅)ဂိုးခန့်
သွင်းယူနိုင်မည်ဟု မီဒီယာများက သုံးသပ်ခဲ့ကြသည်။

Photos:AFP

Most Read

Most Recent