မြန်မာ့လက်ရွေးစင်အသင်းနည်းပြအဖွဲ့တွင် ဦးကြည်လွင် ဆက်ရှိရန် မသေချာ

မြန်မာ့လက်ရွေးစင်အသင်းနည်းပြအဖွဲ့တွင် ဦးကြည်လွင် ဆက်ရှိရန် မသေချာ
Published 28 August 2017

 

Photo - ညီညီစိုးညွန့်

မြန်မာ့လက်ရွေးစင်အသင်းနှင့် ယူ-၂၂ အသင်း လက် ထောက်နည်းပြ ဦးကြည်လွင်သည် မြန်မာ့လက်ရွေးစင် အသင်းနည်းပြအဖွဲ့တွင် ဆက်ရှိနေရန် မသေချာတော့ ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းနှင့် ယူ-၂၂ အသင်း လက် ထောက်နည်းပြ ဦးကြည်လွင်သည် မြန်မာ့လက်ရွေးစင် အသင်းနည်းပြအဖွဲ့တွင် ဆက်ရှိနေရန် မသေချာတော့ ကြောင်း သိရသည်။ မြန်မာ ယူ-၂၂ အသင်းသည် သြဂုတ် ၂၆ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဆီးဂိမ်းစ်ဆီမီးဖိုင်နယ်ပွဲတွင် ထိုင်း ကို အရေးနိမ့်ခဲ့သောကြောင့် ယင်းပွဲအပြီးတွင် လက်ရွေးစင် အသင်း နည်းပြအဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်တော့မည်ဖြစ် ကြောင်း ၎င်းင်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့ သော်လည်း သြဂုတ် ၂၇ ရက်တွင် ပြန်ဖျက်သွားခဲ့ကြောင်း သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ MFF တာဝန်ရှိသူ တစ်ဦးက"လောလောဆယ် တတိယနေရာလုပွဲ ကစားရှိ သေးတာကြောင့် ဒီကိစ္စကို ညှိနှိုင်းဦးမှာ မဟုတ်ပါဘူး။ ဆီး ဂိမ်းစ်ပြိုင်ပွဲပြီးမှသာ ဆက်လက်ဆောင်ရွက်သွားမှာပါ"ဟု ပြောကြားခဲ့သည်။ ဦးကြည်လွင်သည် ၂၀၁၅ ဆီးဂိမ်းစ်ပြိုင်ပွဲ တွင် မြန်မာ ယူ-၂၃ အသင်းအား မထင်မှတ်သည့်စွမ်းဆောင် မှုများနှင့်အတူ ငွေတံဆိပ်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ ပြီး ယင်းပြိုင်ပွဲအပြီးတွင် ဂတ်ဖရိုင်းဒရစ်၏ မြန်မာ့လက်ရွေး စင်အသင်းနည်းပြအဖွဲ့တွင် လက်ထောက်နည်းပြအဖြစ် ပါဝင်ခဲ့သလို မြန်မာ ယူ-၂၂ အသင်း လက်ထောက်နည်းပြ အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။

မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် MFF သည် မြန်မာ့လက်ရွေးစင်အသင်းအပါ အဝင် သက်တမ်းအလိုက် လူငယ်လက်ရွေးစင်အသင်းများ ကို ကိုင်တွယ်နေသည့် နည်းပြများ၏ အနာဂတ်အား ပြန် လည်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်သည်။

Most Read

Most Recent