နည်းပြ ဂတ်ဖရိုင်းဒရစ်ကို လတ်တလောထုတ်ပယ်ရန် အစီအစဉ်မရှိသေးကြောင်း MFF အတည်ပြု

နည်းပြ ဂတ်ဖရိုင်းဒရစ်ကို လတ်တလောထုတ်ပယ်ရန် အစီအစဉ်မရှိသေးကြောင်း MFF အတည်ပြု
Published 28 August 2017

 

Photo - ညီညီစိုးညွန့်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် MFF သည် လက်ရှိဝင်ရောက်ယှဉ်ပြိုင်နေသည့်  ဆီးဂိမ်းစ်အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဗိုလ်လုပွဲရောက်ရှိအောင် စွမ်းဆောင်နိုင်ခြင်းမရှိ ခဲ့သည့် ဂျာမန်လူမျိုးနည်းပြ ဂတ်ဖရိုင်းဒရစ် ကို လတ်တလောထုတ်ပယ်ရန် အစီအစဉ် မရှိသေးကြောင်း အတည်ပြုခဲ့သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် MFF သည် လက်ရှိဝင်ရောက်ယှဉ်ပြိုင်နေသည့်  ဆီးဂိမ်းစ်အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဗိုလ် လုပွဲရောက်ရှိအောင် စွမ်းဆောင်နိုင်ခြင်းမရှိ ခဲ့သည့် ဂျာမန်လူမျိုးနည်းပြ ဂတ်ဖရိုင်းဒရစ် ကို လတ်တလောထုတ်ပယ်ရန် အစီအစဉ် မရှိသေးကြောင်း အတည်ပြုခဲ့သည်။ မြန်မာ ယူ-၂၂ အသင်းသည် သြဂုတ် ၂၆ ရက်က ဆီးဂိမ်းစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ် အဖြစ် ထိုင်း ယူ-၂၂ အသင်းနှင့် ယှဉ်ပြိုင် ကစားခဲ့ရာ ပွဲပြီးခါနီးတွင် ပေးလိုက်ရသည့် ဂိုးဖြင့် အရေးနိမ့်ကာ ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့သည်။

"ကျွန်တော်တို့အနေနဲ့ လတ်တလော သူ့ကို (ဂတ်ဖရိုင်းဒရစ်) ကို ထုတ်ပယ်ဖို့ အစီ အစဉ်မရှိသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြိုင်ပွဲကမပြီးဆုံးသေးဘဲ တတိယနေရာလုပွဲ ကစားဖို့ရှိပါသေးတယ်။ ပြီးတော့ စက်တင် ဘာ ၅ ရက်မှာ ကာဂျစ္စတန်အသင်းနဲ့ အာရှ ဖလား တတိယအဆင့်ခြေစစ်ပွဲ ယှဉ်ပြိုင်ရဦး မှာပါ။ ဒါကြောင့် သူ့ကို လတ်တလောထုတ် ပယ်ဖို့ အစီအစဉ်မရှိသေးပါဘူး။ ကာဂျစ္စတန် အသင်းနဲ့ပွဲပြီးရင်တော့ စဉ်းစားဆောင်ရွက် သွားမှာပါ။ သူကို လတ်တလောထုတ်ပယ်ဖို့ အစီအစဉ်မရှိသေးပါဘူး"ဟု MFF တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

ဂတ်ဖရိုင်း ဒရစ်သည် မြန်မာ့လက်ရွေးစင်အသင်းနည်းပြ အဖြစ် ၂၀၁၈ ခုနှစ်အထိ သက်တမ်းတိုး စာချုပ် ချုပ်ဆိုထားပြီး ဆီးဂိမ်းစ်ပြိုင်ပွဲ စွမ်းဆောင်မှု နှင့် ပတ်သက်၍ ဝေဖန်မှုများ ထွက်ပေါ်လျက် ရှိသည်။ MFF သည် မူလက ဆီးဂိမ်းစ်ပြိုင်ပွဲ ယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၂ အသင်းနည်းပြ ချုပ်အဖြစ် ဦးကြည်လွင်အား တာဝန်ပေးရန် စီစဉ်ခဲ့သော်လည်း ပြိုင်ပွဲနီးမှ ပြောင်းလဲကာ လက်ရွေးစင်အသင်းနည်းပြချုပ် ဂတ်ဖရိုင်း ဒရစ်အား ပြောင်းလဲတာဝန်ပေးခဲ့ခြင်းဖြစ် သည်။

ဂတ်ဖရိုင်းဒရစ်သည် မြန်မာ ယူ-၁၉ အသင်းအား ၂၀၁၅ ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ သော်လည်း ၎င်းကိုင်တွယ်ခဲ့သည့် အသင်း များအား အဓိကပြိုင်ပွဲများတွင် ချန်ပီယံဆု ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ခြင်းမရှိ ကြောင်း သိရသည်။ မြန်မာ ယူ-၂၂ အသင်းသည် ဗိုလ်လုပွဲ နှင့် လွဲချော်ခဲ့သောကြောင့် သြဂုတ် ၂၉ ရက် တွင် အင်ဒိုနီးရှားအသင်းနှင့် တတိယနေရာ လုပွဲ ဆက်လက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် ၂၀၁၅ ဆီးဂိမ်းစ်တွင် ငွေဆုရရှိထားသည်။

Most Read

Most Recent