ရိုးရာအားကစားနည်းများအား ဖယ်ရှားရန် အစီအစဉ်မရှိဟု ဆီးဂိမ်းစ်ဥက္ကဋ္ဌ ဆို

ရိုးရာအားကစားနည်းများအား ဖယ်ရှားရန် အစီအစဉ်မရှိဟု ဆီးဂိမ်းစ်ဥက္ကဋ္ဌ ဆို
Published 28 August 2017

 

Photo - Malay Mail Online

ဆီးဂိမ်းစ်အဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်သူ တန်ကူ အင်ရန်က ဒေသတွင်း၌ လူကြိုက်များထင်ရှား သည့် ရိုးရာအားကစားနည်းများအား ဆီးဂိမ်းစ် ပြိုင်ပွဲမှ ဖယ်ရှားပစ်ရန် အစီအစဉ်မရှိကြောင်း ပြောကြားသည်။

ဆီးဂိမ်းစ်အဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်သူ တန်ကူ အင်ရန်က ဒေသတွင်း၌ လူကြိုက်များထင်ရှား သည့် ရိုးရာအားကစားနည်းများအား ဆီးဂိမ်းစ် ပြိုင်ပွဲမှ ဖယ်ရှားပစ်ရန် အစီအစဉ်မရှိကြောင်း ပြောကြားသည်။ ဆီးဂိမ်းစ်ပြိုင်ပွဲများတွင် အိုလံပစ်အား ကစားနည်းပါဝင်မှုနှင့် အိုလံပစ်ပြိုင်ပွဲ၌ ဆု တံဆိပ်ရရှိဖူးသူများ ပါဝင်ယှဉ်ပြိုင်မှုနည်းပါး ပြီး အိမ်ရှင်နိုင်ငံများက မိမိတို့အားသာချက် ရှိသည့် အားကစားနည်းများအား ထည့်သွင်း ကျင်းပလေ့ရှိသည်။

ထို့ကြောင့် နိုင်ငံအချို့၏ ဝေဖန်မှုများရှိနေသော်လည်း အနာဂတ်ပြိုင်ပွဲ များတွင် ရိုးရာအားကစားနည်းများဖယ်ရှား ရန် အစီအစဉ်ရှိ၊ မရှိနှင့်ပတ်သက်၍ တန်ကူ အင်ရန်က ''အိုလံပစ်အားကစားနည်းဆိုတာ တော်တော်အရေးကြီးပါတယ်။ ဒါပေမဲ့ တချို့ နိုင်ငံတွေမှာ များစွာသော အိုလံပစ်အားကစား နည်းတွေအတွက် အခြေခံအဆောက်အအုံ တွေမရှိပါဘူး။ ကျွန်တော်တို့အနေနဲ့ အရှေ့ တောင်အာရှဒေသတွင်းမှာ အိုလံပစ်အား ကစားနည်းတွေကျင်းပနိုင်ဖို့ ဆောင်ရွက်သွား မှာပါ။ ဒါပေမဲ့ ပိုက်ကျော်ခြင်းလို ဒေသတွင်း မှာ လူကြိုက်အရမ်းများတဲ့ အားကစားနည်း တွေလည်း ဆက်ကျင်းပမှာပါ" ဟု ဆိုသည်။

Most Read

Most Recent