အင်တာမီလန်အသင်း၏ ကစားသမားခေါ်ယူမှု (၈)ဦးအထိရှိလာ

အင်တာမီလန်အသင်း၏ ကစားသမားခေါ်ယူမှု (၈)ဦးအထိရှိလာ
Published 15 August 2018

 

Photos: Liga Olahraga

ချန်ပီယံလိဂ်ပြိုင်ပွဲကို တစ်ကျော့ပြန်ဝင်ခွင့်ရထားသည့် အင်တာမီလန်အသင်းသည် အပြောင်းအရွှေ့ဈေးကွက်တွင် ခြေလှမ်းသွက်နေပြီး သြဂုတ် (၁၃) ရက်က မိုနာကိုလူငယ်ကြယ်ပွင့် ကီတာဘယ်လ်ဒီအား တစ်ရာ သီအငှားစာချုပ်ဖြင့် ခေါ်ယူမှုအပြီးတွင် ယခုနွေရာသီ ကစားသမားသစ်ခေါ်ယူမှုမှာ (၈)ဦးအထိ ရှိလာခဲ့သည်။

ထို့အပြင် အင်တာမီလန်အသင်းသည် ကီတာဘယ်လ်ဒီအား လာမည့်ရာသီတွင် ပေါင် (၃၇) သန်းဖြင့် အပြီးသတ်ခေါ်ယူခွင့်ရှိသည့်အချက်ကိုလည်း စာချုပ်တွင်ထည့်သွင်းထားခဲ့သည်။

ကီတာဘယ်လ်ဒီသည် ပြီးခဲ့သည့်နှစ် နွေရာသီကာလတွင် လာဇီယိုအသင်းမှ မိုနာကိုအသင်းသို့ ပြောင်းရွှေ့ ကြေး ပေါင် (၂၆) သန်းဖြင့် ရောက်ရှိခဲ့သူဖြစ်ပြီး ပုံမှန်ပွဲထွက်ခွင့်အတွက် အာမခံချက်မရှိခဲ့ဘဲ (၃၃) ပွဲကစားခဲ့ရာတွင် (၈)ဂိုးသာ သွင်းယူနိုင်ခဲ့သည်။

အင်တာမီလန်အသင်း ခေါ်ယူထားသည့် ကစားသမားသစ်များ

အမည်                      ကလပ်              ပေါင်(သန်း)
နိုင်ဂိုလန်                    ရိုးမား                  ၃၄.၂၀
ကီတာဘယ်လ်ဒီ       မိုနာကို                ၅.၄(အငှား)
ဗာဆယ်လ်ကို      အက်သလက်တီကို ၅.၈(အငှား)
ဒီဗရိုင်း                     လာဇီယို             အလွတ်
ပိုလီတာနို             ဆာဆူအိုလို            ၄.၅(အငှား)
အဆာမို                 ဂျူဗင်တပ်စ်           အလွတ်
လော်တာရို              ရေးဆင်း               ၁၄.၄
ဒီမာကို                      ဆီယွန်                  ၆.၃

Most Read

Most Recent