ဘိလိယက်/စနူကာပြိုင်ပွဲအပြီးတွင် မြန်မာအားကစားအဖွဲ့ ငွေတံဆိပ်သုံးခုနှင့် ကြေးတံဆိပ်သုံးခုရရှိ

ဘိလိယက်/စနူကာပြိုင်ပွဲအပြီးတွင် မြန်မာအားကစားအဖွဲ့ ငွေတံဆိပ်သုံးခုနှင့် ကြေးတံဆိပ်သုံးခုရရှိ
Published 28 August 2017

Photo - ညီညီစိုးညွန့်

ဘိလိယက်/စနူကာအားကစားနည်း ၏ နောက်ဆုံးနေ့ပွဲစဉ်များကို သြဂုတ် ၂၇ ရက်တွင် ကျင်းပရာ စနူကာတစ်ဦးချင်းပြိုင်ပွဲ တွင် မြန်မာကစားသမား ကိုထက် ပူးတွဲကြေး တံဆိပ်ရရှိခဲ့ကြောင်း သိရသည်။

ဘိလိယက်/စနူကာအားကစားနည်း ၏ နောက်ဆုံးနေ့ပွဲစဉ်များကို သြဂုတ် ၂၇ ရက်တွင် ကျင်းပရာ စနူကာတစ်ဦးချင်းပြိုင်ပွဲ တွင် မြန်မာကစားသမား ကိုထက် ပူးတွဲကြေး တံဆိပ်ရရှိခဲ့ကြောင်း သိရသည်။ နောက်ဆုံးနေ့ကျင်းပသည့် ပွဲစဉ်သုံးပွဲ အနက် ကိုထက်တစ်ဦးတည်းသာ အမျိုးသား စနူကာတစ်ဦးချင်းပြိုင်ပွဲ ဆီမီးဖိုင်နယ်တက် ရောက်နိုင်သဖြင့် ယှဉ်ပြိုင်ခဲ့ရခြင်းဖြစ်သည်။ ကိုထက်သည် ဆီမီးဖိုင်နယ်တွင် လာအိုကစား သမားနှင့်ဆုံတွေ့ခဲ့ပြီး လေးပွဲပြတ် ရှုံးနိမ့်ကာ ပူးတွဲကြေးတံဆိပ်ဆုဖြင့် ကျေနပ်ခဲ့ရခြင်းဖြစ်သည်။

(၂၉) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ၏ ဘိလိယက်/စနူကာပွဲစဉ်အားလုံး ကျင်းပပြီးစီး သွားပြီဖြစ်ပြီး မြန်မာအားကစားအဖွဲ့သည် ရွှေတံဆိပ်ရယူနိုင်ခြင်းမရှိဘဲ ငွေတံဆိပ် သုံးခုနှင့် ကြေးတံဆိပ်သုံးခုသာရရှိခဲ့သည်။

ငွေတံဆိပ်ဆုများကို ဘိလိယက်တစ်ဦးချင်း ပြိုင်ပွဲတွင် ချစ်ကိုကို၊ ဘိလိယက်နှစ်ယောက် တွဲပြိုင်ပွဲတွင် အောင်ဌေးနှင့် မင်းစည်သူထွန်း၊ 9-Ball Pool နှစ်ယောက်တွဲပြိုင်ပွဲတွင် မောင် မောင်နှင့် အောင်မိုးသူ၊ ကြေးတံဆိပ်ဆုများကို ဘိလိယက်တစ်ဦးချင်းပြိုင်ပွဲတွင် နေသွေးဦး၊ စနူကာတစ်ဦးချင်းပြိုင်ပွဲတွင် ကိုထက်၊ စနူ ကာနှစ်ယောက်တွဲပြိုင်ပွဲတွင် အောင်ဖြိုးနှင့် ကိုထက်အတွဲက ရယူပေးခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent