စတာလင်၏ စာချုပ်သစ်ကိစ္စ အမြန်ဆုံးပြေလည်စေလိုသည်ဟု ဂွါဒီယိုလာဆို

စတာလင်၏ စာချုပ်သစ်ကိစ္စ အမြန်ဆုံးပြေလည်စေလိုသည်ဟု ဂွါဒီယိုလာဆို
Published 14 August 2018

မန်စီးတီးအသင်း၏ နည်းပြဖြစ်သူ ဂွါဒီယိုလာက အသင်း၏ တောင်ပံတိုက်စစ်ကစားသမား စတာလင်၏ စာချုပ်သစ်ကိစ္စကို အမြန်ဆုံးပြေလည် စေလိုသည်ဟု ဆိုခဲ့ပြီး အာဆင်နယ် နှင့်ပွဲတွင် ခြေစွမ်းပြကစားခဲ့သော ဘယ် နောက်ခံလူ မန်ဒီ၏ လူမှုကွန်ရက် ဝက်ဘ်ဆိုက်များအပေါ် စွဲလမ်းမှုကို နောက်ပြောင်ဝေဖန်ခဲ့ကြောင်းလည်း သိရှိရသည်။

ဂွါဒီယိုလာက မန်စီးတီးအသင်း သည် မိမိအတွက် အလွန်အံ့သြစရာ ကောင်းသည့် လူစာရင်းကို ဖန်တီးပေး ခဲ့သည်ဟု ကျေးဇူးတင်စကားဆိုခဲ့ပြီး လက်ရှိအချိန်တွင် စာချုပ်သစ်ကြန့် ကြာနေသည့် စတာလင်ကိစ္စကိုလည်း အမြန်ဆုံး ပြေလည်စေလိုသည်ဟု ပြောကြားခဲ့သည်။

စတာလင်သည် ယခုအချိန်တွင် တစ်ပတ်လုပ်ခပေါင် (၁၈၀၀၀၀)ရရှိ နေသူဖြစ်ပြီး စာချုပ်သက်တမ်းကုန် ဆုံးရန်(၂)နှစ်ကျန်ရှိနေသူဖြစ်သည်။

မန်စီးတီးအသင်းက ၎င်းအား စာချုပ် သစ်ချုပ်ဆိုလိုသော်လည်း လစာကိစ္စ ညှိနှိုင်းမှုအဆင်မပြေသဖြင့် ကြန့်ကြာ နေခြင်းဖြစ်ပြီး စတာလင်က တစ်ပတ် ပေါင် (၃)သိန်းဝန်းကျင် အလိုရှိနေ ခြင်းဖြစ်သည်။

ဂွါဒီယိုလာသည် အာဆင်နယ် အသင်းနှင့်ပွဲစဉ်၌ ခြေစွမ်းပြခဲ့သည့် မန်ဒီကိုလည်း ''မန်ဒီကမန်ဒီပါပဲ။ သူ ကအရမ်းကောင်းတဲ့ကစားသမားပါ။ တစ်ခါတလေတော့ သူ့ကို သတ်ပစ် ချင်တယ်''ဟု ပြောကြားခဲ့သည်။

Photo : BBC & Youtube

Most Read

Most Recent